ဒါကတော့ နောက်ဆုံးဇာတ်သိမ်းပိုင်းရဲ့ တကယ့်နောက်ရုပ်ရှင်ပါ....လို့ပြောတာပဲ ????AOTကိုကြည့်ဖူးတဲ့သူတွေအတွက်ဒီအပိုင်းက ဘာတွေပါမလဲဘာပိုထူးခြားလာလဲကြည့်သင့်လားအစရှိတဲ့မေးခွန်းတွေကိုဖြေရရင်တော့ဒီရုပ်ရှင်ဟာ နောက်ဆုံး၂ပိုင်းဖြစ်တဲ့ အပိုင်း၈၈နဲ့၈၉ကိုပေါင်းပြီး ရုပ်ရှင်ရုံအရသာရအောင်ထုတ်ထားတာလို့ပဲရိုးရိုးရှင်းရှင်းပြောရမယ်ထင်တယ်။ဒါ့အပြင် ဒီရုပ်ရှင်ရဲ့အနှစ်က စာတန်းထိုးအပြီးမှာပါတဲ့ credit scene ပါပဲစီးရီးရဲ့ဇာတ်သိမ်းကိုမချင့်မရဲဖြစ်ခဲ့တဲ့သူတွေ၊ လွမ်းမောခဲ့ရတဲ့သူတွေအတွက်အကောင်းဆုံးဖြေသိမ့်ပေးထားတယ်ဆိုရင်လည်းမမှားပါဘူး။ကြည့်သင့်လားဆိုရင်တော့ AOTပရိသတ်ဆိုရင် အလွမ်းပြေကြည့်သင့်ပါတယ်။အပိတ်သီချင်းလေးတွေပါထည့်ပေးထားတော့ လိုက်ပြီးဆိုချင်ဆိုကြည့်ကြပေါ့ဗျာ။ပြီးတော့ ဒီရုပ်ရှင်ဟာ ကမ္ဘာတဝှမ်းက AOTပရိသတ်တွေကို ကျေနပ်မှုပေးနိုင်ခဲ့တဲ့ပုံပါပဲ။IMDb 9.2/10Rotten Tomatoes 99%ရထားတာက သက်သေပါပဲလေ။ဇာတ်လမ်းအကျဉ်းချုပ်ရေးပြဖို့ကလည်း စီးရီးတုန်းကရေးခဲ့တဲ့အညွှန်းကိုပဲပြန်ရေးရမယ်ထင်တယ်။ အသစ်အဆန်းမပါပဲ ဒါပဲမလို့လေ။ ????ဇာတ်လမ်းအကျဉ်းလွန်ခဲ့တဲ့နှစ်တရာလောက်က Titanတွေရုတ်တရက်ပေါ်လာပြီးလူသားတွေကိုသတ်ဖြတ်စားသောက်ခဲ့ပါတယ်သူတို့ဘယ်ကနေရောက်လာလဲ သူတို့ကဘာတွေလဲဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး Titanတွေရန်ကကာကွယ်ဖို့လူသားတွေဟာတံတိုင်းကြီးသုံးခုကိုတည်ဆောက်ခဲ့ပြီး နှစ်ပေါင်းတရာကျော်တိုင်Titanတွေရန်ကနေကင်းဝေးခဲ့ပါတယ်ဒါပေမယ့် တနေ့မှာတော့သူတို့တခါမှမကြုံဖူးတဲ့ အလွန်ကြီးမားလှတဲ့Titanကြီးတကောင် ပေါ်လာချိန်မှာတော့….