Penguins of Madagascar FHD

Penguins of Madagascar

Comedy Family Adventure Animation FHD 2014-11-22 6.526 92 Min

ဒီဇာတ်ကားက Madagascar ထဲက ဆရာ့ဆရာကြီးတွေဖြစ်တဲ့ ပင်ဂွင်း၄‌ကောင်ရဲ့ spin-offဇာတ်ကားဖြစ်ပါတယ်Madagascar ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဟာသတွေအများကြီးပါဝင်ဦးမှာ ဖြစ်သလို သူများနဲ့မတူဘဲ weirdဖြစ်တဲ့ ဇာတ်လမ်းပုံစံကိုလည်း မြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်Central zooကို ရောက်လာတဲ့စကစ်ပါ ကိုဝါစကီး ရီကိုနဲ့ ပရိုင်းဗိတ်ပင်ဂွင်း၄ကောင်ကြောင့် လူတိုင်းချစ်တဲ့ ရေဘဝဲအဖြစ်ကနေ အပယ်ခံဘဝ ရောက်သွားတဲ့ ဒေ့ဗ်ဆိုတဲ့ ရေဘဝဲတစ်ကောင်က မျိုးဗီဇပညာကို လေ့လာပြီးဒေါက်တာအော့တေးဗီးယပ်စ်ဘရိုင်းဆိုတဲ့ နာမည်တုနဲ့ ဗီဇပြောင်းတိရစ္ဆာန်တွေကို ဖန်တီးဖို့ ကြိုးစားနေတာပါ။သူ့အကြံကတော့ လူတိုင်းချစ်ကြတဲ့ ပင်ဂွင်းလေးတွေကို မျိုးဗီဇပြောင်း မကောင်းဆိုးဝါးတွေ ဖြစ်အောင်လုပ်ပြီးလူတွေမုန်းတီးသွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ဒီအကြံကို အကောင်အထည်ဖော်ဖို့ စကစ်ပါတို့ ပင်ဂွင်း၄ကောင်အပြင် တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်ရုံအသီးသီးကပင်ဂွင်းတွေကို လိုက်ဖမ်းဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့အကြံကို စကစ်ပါတို့ တားဆီးနိုင်မှာလား၊ဒေ့ဗ်ရဲ့အကြံအတိုင်း မကောင်းဆိုးဝါးတွေ ဖြစ်သွားပြီး လူသားတွေရဲ့မုန်းတီးခြင်းကို ခံသွားရမလားဆိုတာ ကြည့်ရမှာပါ။