When I'm Ready FHD

When I'm Ready

Drama Science Fiction Romance FHD 2025-02-07 7.667 108 Min

ဒီတစ်ခါ ပရိသတ်တွေအတွက် ၂၀၂၅ ခုနှစ်တုန်းကထွက်ရှိထားတဲ့ အချစ်ဇာတ်ကားလေးတစ်ကားကိုယူဆောင်လာပါပြီ။ ဒါရိုက်တာ Andrew Johnson ကရိုက်ကူးထားပြီးတော့ Andrew Ortenberg နဲ့ JuneSchreiner တို့က အဓိကဇာတ်ဆောင်နှစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဥက္ကာခဲတစ်ခုကကမ္ဘာကြီးကို လာတိုက်ပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့သူတွေအားလုံးသေကြရတော့မယ့်အခြေအနေမှာ Michael နဲ့Rose တို့ချစ်သူနှစ်ယောက် သူတို့ရဲ့နောက်ဆုံးနေ့ရက်တွေကိုဘယ်လိုအတူတူကုန်ဆုံးကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။ကမ္ဘာပျက်တော့မယ့်အချိန်မှာချစ်သူနှစ်ယောက်အနေနဲ့သူတို့ရဲ့အတိတ်ကနောင်တတွေကို ပြန်ပြင်ဆင်ရင်း ကျန်ရှိနေတဲ့အချိန်တွေကို အကောင်းဆုံးဖြတ်သန်းကြပါတယ်။ကိုယ်ရော သူတို့လိုအခြေအနေမျိုးနဲ့ကြုံတွေ့လာရတဲ့အခါကိုယ့်လက်ကျန်အချိန်တွေကို ဘယ်လိုကုန်ဆုံးချင်ကြပါသလဲ။IMDb မှာ rating ကောင်းကောင်းရထားပြီးတော့ ဇာတ်လမ်းအသွားလေးက ထူးခြားပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ကြည်နူးစရာ Romace ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။