Contagion of Fear HD

Contagion of Fear

Thriller Science Fiction HD 2023-05-16 6.1 94 Min

သြစတေးလျနိုင်ငံရဲ့ သာယာတဲ့ နွေဦးရာသီမနက်ခင်းလေးတစ်ခုမှာ ဆိုးရွားတဲ့ ရထားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဆိုပါ မတော်တဆမှုနဲ့ အတူ မီးခိုးလုံးကြီးတွေလည်းလိပ်တက်လာခဲ့ပြီးတော့အငွေ့ကို ရှူမိကြတဲ့သူတိုင်းဟာအရည်ကြည်ဖုတွေပေါက်ပြီး မိနစ်ပိုင်းအတွင်း ရုပ်ပျက်ဆင်းပျက် သေဆုံးသွားကြရတယ်။ဒီကူးစက်မြန်ဗိုင်းရပ်စ်ကြောင့် ဆစ်ဒနေးမြို့ခံတစ်ဝက်လောက်ကူးစက်ခံလိုက်ရပြီး ကူးစက်မှုကလည်းအရှိန်မကျဘဲဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ အဲဒီအချိန်ဟာ သြစတေးလျနိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ပွဲဝင်နေချိန်လည်းဖြစ်တာမို့အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ဇီဝတိုက်ခိုက်မှုအဖြစ် သံသယတွေတိုးပွားလာခဲ့တယ်။ဒီလိုနဲ့ ပြင်းထန်တင်းမာလာတဲ့ အခြေအနေတွေကြားမှာလူမျိုးရေးဝါဒတွေ အားကောင်းလာခဲ့ပြီးနိုင်ငံအနှံ့မှာ အထိကရုဏ်းတွေဖြစ်ပေါ်လာပါတယ်။ ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင်ဖြစ်သူလေလာနက်ဆာ ဟာ တာဝန်က ဆိုင်းငံ့ခံထားရသူပါ။သူမရဲ့ အဖေဖြစ်သူ ယူဆက်ဖ်နက်ဆာ ဟာရထားမတော်တဆမှုဖြစ်ပွားခဲ့ချိန်မှာ ဘူတာရုံအနားမှာရှိနေခဲ့တာဖြစ်ပြီးလူမျိုးစွဲဝါဒီတွေကြောင့် အကြမ်းဖက်သမားအဖြစ် ပုံဖော်ခံထားရသူပါ။ ဒီရုပ်ရှင်လေးမှာတော့ ဒီလို ရှုပ်ထွေးလှတဲ့လူမျိုးရေးနိုင်ငံရေးအရှုပ်တော်ပုံကြီးကို လေလာ အနေနဲ့ ဘယ်လိုဖော်ထုတ်ဖြေရှင်းဖို့ ကြိုးစားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။