အန်နီမေးရှင်း ပရိသတ်တို့အတွက် သာမန်နဲ့ကွဲထွက်နေတဲ့ နယ်မြေစူးစမ်းရှာဖွေရေးနဲ့ ပဟေဠိအဖြေရှာရေး ပြင်သစ်အန်နီမေးရှင်းလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ပရော်ဖက်ဆာ ဟားဘတ်ကအမြော်အမြင်ရှိတဲ့ နယ်မြေသစ် စူးစမ်းရှာဖွေသူတစ်ဦးပါ။ ထူးချွန်တဲ့ လူတော်တွေရဲ့ အစခရီးထုံးစံအတိုင်း သက်တူရွယ်တူတွေ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို ပစ်ပယ်ထားကြပါတယ်အကြောင်းရင်းကတော့ သူက စွန့်စားရမယ့် စူးစမ်းလေ့လာရေးခရီးတစ်ခု ထွက်ချင်နေလို့ပါပဲ။ သူသွားလိုတဲ့နေရာကလည်း အန္တာတိကတိုက်ရဲ့ ဘယ်သူမှ လေ့လာမှုမပြုရသေးတဲ့ကန့်သတ်နယ်မြေတွေဆီကိုပါတဲ့။ညှိနှိုင်းအဖော်ပြုမရပေမဲ့ လက်မလျှော့ဘဲ သူ့စူးစမ်းချင်စိတ်ကို အကောင်အထည်ဖော်ဖို့ ထွက်လာတဲ့အခါမှာတော့ အန္တာတိကတိုက်ရဲ့ ရေခဲတွေအလယ်မှာ မေ့လျော့ခံ လူသားမျိုးနွယ်ရဲ့ ပဟေဠိဆန်တဲ့လက္ခဏာတွေကို ရှာဖွေတွေ့ရှိလာတဲ့အခါမှာတော့……………………………………………………………ဒီအန်နီမေးရှင်းရဲ့ ထူးခြားချက် နောက်တစ်ခုကတော့ ဒါရိုက်တာ Michel Rousseauက တခြားဘတ်ဂျတ် သုံးထားခြင်းမရှိဘဲ အန်နီမေးရှင်းကနေ စခရင်ပလေးမှ သီချင်းအထိ သူတစ်ဦးတည်းဖန်တီးထားတဲ့ လက်ရာဖြစ်နေတာပါပဲ။အဲဒီတော့ ပရော်ဖက်ဆာ ဟားဘတ်နဲ့အတူ ပဟေဠိအဖြေညှိရမယ့် ပြင်သစ်အန်နီမေးရှင်းလေးကို ကြည့်ရှုအားပေးကြရအောင်ပါ။