အခုမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ DisneyNature ရဲ့ Documentary Filmတစ်ခုပါပဲ။ပစိဖိတ်သမုဒ္ဒရာထဲမှာ လူသားတွေနဲ့ တစ်ခြားသတ္တဝါတွေနဲ့ ကွာခြားကာတည်ရှိနေတဲ့အရောင်အသွေးစုံလင်လှပစွာတည်ရှိနေတဲ့ ဂလာပဂိုစ့်ကျွန်းတွေတည်ရှိနေပါတယ်။ဒီဇာတ်လမ်းလေးကတော့ ဂလာပဂို့စ်ကျွန်းတွေပေါ်က ကျွန်းတစ်ခုမှာမွေးဖွားလာတဲ့ ပင်လယ်ခြင်္သေ့ဖျံပေါက်လေးလီယိုရဲ့ စွန့်စားခန်းတွေပါပဲ။အကောင်ပေါက်လေးဘဝ သူ့မိခင် ရေကူးသင်ရာကနေ စလို့ အရွယ်ရောက်စအချိန်မှာ သူက မွေးဖွာရာအိမ်ကနေ ထွက်သွားပြီး ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရပါတော့တယ်ပင်လယ်ခြင်္သေ့ဖျံအထီးတွေအတွက် ခေါင်းဆောင်နေရာကို ပိုင်ဆိုင်ပြီး အုပ်စုတစ်ခု၊ အိမ်တစ်အိမ်ကို ပိုင်ဆိုင်လာနိုင်ဖို့ဆိုတာ ကိုယ်တိုင်တိုက်ခိုက်ယူရမယ့်အရာပါ။အဲ့အတွက်လီယိုက အိမ်ကနေစွန့်ခွာပြီးပင်လယ်ပြင်တစ်လျှောက်စွန့်စားသွားလာကာ ကြီးထွားလာခဲ့ပါတယ်။သူ့ခရီးစဥ်တစ်လျှောက်မှာ ရေအောက်လောကအလှအပတွေသာမက တစ်ခြားမျိုးစိတ်တွေ့နဲ့ တွေ့ဆုံကြုံကြိုက်မှုတွေလည်းပါဝင်လို့နေပါတယ်။အဲ့လိုနဲ့ လီယိုတစ်ယောက် ပင်လယ်ပြင်ကျွန်းစုတွေကြား သွားလာရင် ရင့်ကျက်ကြီးထွားသန်မာလာပါတော့တယ်။လှည့်လည်သွားလာရင်း ခိုနားစရာအိမ်ရှာဖွေနေခဲ့တဲ့ဒီဖျံကောင်ငယ်လေးက သူ့ရည်ရွယ်ချက်ဖြစ်တဲ့အိမ်တစ်ခု မိသားစုအုပ်စုတစ်ခုကို ပိုင်ဆိုင်လာဖို့ ကြိုးစားပုံတွေကို သဘာဝအလှအပတွေနဲ့အတူ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။