ဇာတ်လမ်းအကျဉ်းကတော့ ဘဝကိုခပ်ပေါ့ပေါ့နေတတ်တဲ့သတင်းထောက်သမားလေး ဒေါ့ဂီဟာ သူငယ်ချင်းဖြစ်သူတွမ်နီရဲ့အကူအညီနဲ့ Alchemy သတင်းစားတိုက်မှာ အလုပ်လုပ်နေတဲ့သူပါ။ အလုပ်ဆိုလည်းနောက်ကျ ၊ သတင်းသွားယူ ခိုင်းရင်လည်း အဆင်မပြေဖြစ်နေတော့တွမ်နီက စိတ်ပျက်ပြီးတော့ သတင်းကောင်းကောင်းရှာမလာနိုင်ရင် အလုပ်ထုတ်ပစ်မယ်လို့ပြောလိုက်တယ်။ဒေါ့ဂီလည်းစိတ်ဓာတ်ကျပြီးဘားမှာအရက်သောက်ပြီးအပြန်စုံတွဲတစ်တွဲဟာ လူတစ်ယောက်ကိုသတ်လိုက်တာကိုမြင်သွားတယ်။ အဲဒါကြောင့်မျက်မြင်သက်သေဖြစ်တဲ့ဒေါ့ဂီကိုစုံတွဲနှစ်ယောက်ကခေါ်လာပြီးတော့မေးမြန်းတယ်။သတင်းထောက်မှန်းလည်းသိရော သူတို့စိတ်ကူးယဉ်တဲ့နာမည်ကြီးရာဇဝတ်စုံတွဲအဖြစ်သတင်းမှာပါချင်ကြောင်းပြောတယ်။မအူမလည်ပါသွားတဲ့ဒေါ့ဂီဟာ ဖြစ်ရပ်မှန်သတင်းရေးဖို့ရာဇဝတ်စုံတွဲနဲ့အတူတူ နေထိုင်ရတဲ့အခါမှာတော့…..