Color Me True HD

Color Me True

Drama Fantasy Romance HD 2018-02-10 7.6 108 Min

ဒီကားလေးက တခြားကားတွေထက်စာရင် မြူးမြူးကြွကြွလေးနဲ့ စထားပြီးကြည့်ရှုသူကို မပျင်းမရိအောင်ဆွဲခေါ်နိုင်စွမ်းရှိတယ်…ဇာတ်လမ်းအမျိုးအစားကလည်း  Fantasy, Romance ဖြစ်နေတာကလည်းတစ်ပိုင်းပေါ့လေ…ဇာတ်ကြောင်းကတော့ ..ကောင်လေးတစ်ယောက်ရှိတယ်…သူက လက်​​ထောက်​ဒါရိုက်​တာတစ်ယောက် ….လက်ထောက်ဒါရိုက်တာဆိုပေမယ့်သူလုပ်ရတာအများဆုံးက ..မီးထိုး..မှန်ထိုး ....ထိုင်ခုံခင်း ..လိုတဲ့ပစ္စည်းလေးတွေဝယ်ပေးရပေါ့…ဘယ်လောက်ပဲအလုပ်တွေများများ သူမပျက်မကွက်လုပ်တဲ့ ကိစ္စတစ်ခုရှိတယ်…အဲဒါကတော့ ရုပ်ရှင်ရုံမှာတစ်ယောက်တည်း ဘယ်သူမှမကြည့်တော့တဲ့ အဖြူအမည်းခေတ်ကဇာတ်ကားတစ်ကားကို ကြည့်တာပါပဲ…သူ့ကြည့်ရတာ ဒီကားထဲက မင်းသမီးလေးကို အတော်သဘောကျပုံပဲ…သူ့ဘဝက ရိုးရှင်းပါတယ်.. ရိုက်ကူးရေးမှာအလုပ်လုပ်လိုက်…တစ်ယောက်တည်း ရုပ်ရှင်ရုံမှာအဖြူအမည်း ခေတ်ကမင်းသမီးလေးကို သွားငေးလိုက်ပေါ့…တစ်နေ့တော့ သူ့ဘဝပျက်မတတ်ခံစားလိုက်ရတဲ့ သတင်းတစ်ခုကြားလိုက်ရတယ်..အဲဒါက သူကြိုက်တဲ့မင်းသမီးပါတဲ့ ရုပ်ရှင်ကားကိုရောင်းလိုက်တော့မယ်ဆိုတာပါပဲ….နောက်ဆုံးအနေနဲ့  သူတစ်ယောက်တည်း မင်းသမီးလေးပါတဲ့ရုပ်ရှင်ကိုကြည့်နေတယ်..ပါးစပ်ကလည်း ဒီညကမင်းသမီးလေးကိုကြည့်ရတာနောက်ဆုံးပါ့လားလို့ရေရွတ်နေတယ်..မျက်ရည်တွေလည်းကျလို့ပေါ့…အဲဒီအချိန်မှာပဲ မီးတွေပြတ်ပြီး ရုပ်ရှင်ရုံတစ်ခုလုံးအမှောင် အတိကျသွားတယ်…မီးပြန်လာတဲ့အချိန်မှာထူးဆန်းစွာပဲ မင်းသမီးလေးဟာ ကောင်လေးရှေ့ကိုရောက်လာတယ်….ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ…စကားမစပ် ဂျပန်မင်းသမီးလေး Ayase Haruka က နင်းကန်လှလွန်းတယ်….