ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ သည်းထိတ်ရင်ဖိုအက်ရှင်ကားလေးပဲဖြစ်ပါတယ်…ဒီကားလေးမှာဆိုရင် စစ်လက်နက်ပစ္စည်းများကို ခိုးယူရောင်းချကြမယ့် မရိန်းတပ်သားဟောင်းများကြုံကြိုက်ရတဲ့အလွဲအမှားအကြောင်းကို သည်းထိတ်ရင်ဖိုဖြစ်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်..လူတစ်ယောက်ဟာ တံခါးနီနီကြီးဆီ ရည်ရွယ်ရင်း သေနတ်တစ်လက်နဲ့ ရမ်းသန်းပစ်ခတ်လျက်အခန်းထဲဝင်လာမယ့်သတ္တဝါကြီးကို ထိတ်လန့်ကြောက်ရွံ့ရင်း ဇောချွေးများအပြိုက်ပြိုက်ကျနေပါတယ်..ထိုသူရဲ့ အသက်လုံခြုံမှုဟာတော့ ကျည်ရာများ ပွထနေတဲ့တံခါးရဲ့ လက်ကိုင်မှာကန့်လန့်ခံထားတဲ့တူတစ်လက်အပေါ်မှာ မူတည်လျက်…ထိုအဖြစ်အပျက်ဟာ စားပွဲဝိုင်းလေးတစ်လုံးပေါ်ကဆွေးနွေးပွဲရဲ့ ရလဒ်ဖြစ်တယ်လို့ဆိုရင် မမှားပါဘူးစစ်တပ်ကြီးတစ်ခုရဲ့ စစ်လက်နက်ပစ္စည်းများဟာလုံခြုံရေးလျော့ရဲလှတဲ့ အရပ်သားကုန်လှောင်ရုံတစ်ခုဆီကို ထူးထူးဆန်းဆန်းရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းဟာ မရိန်းတပ်သားဟောင်းများအဖို့ ယုံနိုင်ခဲလှပါတယ်..သို့သော်လည်း ၎င်းတို့ကိုသတင်းပေးလာသူမှာ ကုန်လှောင်ရုံမှာ နှစ်ရှည်အလုပ်လုပ်ခဲ့သူဖြစ်ပြီး ရောင်းချရမယ့်ငွေပမာဏဟာလည်း မက်လောက်စရာဖြစ်တဲ့အတွက်အလုံးစုံယုံကြည်လိုက်ပြီး စစ်လက်နက်ပစ္စည်းများကိုခိုးယူဖို့အစီအစဉ်ချကြပါတော့တယ်…စစ်တပ်ကြီးတစ်ခုလုံးကို ထောက်ပံ့နိုင်တဲ့ လက်နက်များဟာသာမန်ဂိတ်စောင့်လုံခြုံရေးတစ်ဦးရဲ့ အစောင့်အရှောက်အောက်မှာ ရှိတဲ့အတွက်ကြောင့်လွယ်လင့်တကူသာခိုးယူနိုင်ခဲ့ကြပါတယ်…အစစအရာရာအစီအစဉ်တကျဖြစ်ခဲ့ပြီး လွတ်မြောက်ရာကို ထွက်လာနိုင်ခဲ့တဲ့ မရိန်းတပ်သားဟောင်းများအဖွဲ့ဟာအံ့ဩစရာအဖြစ်နဲ့ကြုံကြိုက်ရပါတော့တယ်အဖွဲ့သားတစ်ယောက်ဟာ လက်နက်ပုံးများကို လှန်လှောစစ်ဆေးရင်း စတင်ဂါသေနတ်ပုံးကို ဖွင့်လိုက်တဲ့အခါမှာတော့လူပုံသဏ္ဌာန်ဆင်တူတဲ့ အရုပ်တစ်ရုပ်ဟာအခေါင်းထဲကထလာတဲ့အလောင်းတစ်လောင်းသဖွယ်ထလာရာကြောက်လန့်တကြီး သေနတ်နဲ့ ပစ်ခတ်မိပါတော့တယ်..သို့သော်လည်း ၎င်းအရုပ်ဟာဘယ်လိုထိခိုက်မှုမျိုးမှမရှိဘဲတောတွင်းဝင်ပြေးပြီးတဲ့နောက် မရိန်းတပ်သားအုပ်စုနဲ့ကျည်မတိုးတဲ့အရုပ်တို့ ရင်ဆိုင်ရမယ့်အဖြစ်ကို ရောက်ရှိလာတဲ့အခါမှာတော့…ဒီဇာတ်ကားလေးဟာဆိုရင်အက်ရှင်ကားသဘောကျသူအရုပ်တစ်ရုပ်ရဲ့ခြောက်လှန့်မှုနဲ့ ထိတ်လန့်ဖွယ်ဇာတ်လမ်းဆင်ထားတဲ့ ရုပ်ရှင်ကားများနှစ်သက်သူတို့အတွက်အာသာပြေ ကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးဖြစ်လို့ရွေးချယ်စရာတစ်ခုအဖြစ် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…..