Netflix ကနေ မကြာခင်က ထွက်ရှိလာတဲ့ Anime ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာ ၁၉၇၉ ခုနှစ်က ထွက်ရှိထားတဲ့ စီးရီးကို အသက်ပြန်သွင်းထားတာဖြစ်ပြီး Musicalအမျိုးအစားလည်းပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဖြစ်ရပ်မှန် သမိုင်းကြောင်းတွေကို နောက်ခံအဖြစ်အသုံးချထားပြီး စိတ်ကူးယဉ် ဇာတ်ဆောင်နဲ့ ပုံဖော်ထားတဲ့သဘောပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ Oscar ဆိုတဲ့မိန်းကလေးဟာ ဖခင်ဖြစ်သူက သားယောက်ျားလေးအဖြစ်ပြုစုပျိုးထောင်ခဲ့လို့ ချောမောလှပပေမဲ့လည်း ကျားကျားလျားလျားနေနေရသူ ဖြစ်ပါတယ်။ဒီလိုနဲ့ ပြင်သစ်-သြစတြီးယား ၂ နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ရောက်ရှိလာတဲ့ အိမ်ရှေ့စံမင်းသမီး Marie Antoinette ကို သက်တော်စောင့် လုပ်ဖို့ ကံပါလာရာကနေ အချစ်ရေးအချစ်ရာကိစ္စတွေနိုင်ငံရေးပဋိပက္ခတွေတစ်ကမ္ဘာလုံးမှာ နာမည်ကျော်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ပြင်သစ်တော်လှန်ရေး ဆူပူအုံကြွမှု စသဖြင့် ဖြစ်ရပ်တွေမှာ Oscar တစ်ယောက် ဘယ်လိုဖြတ်သန်းကျော်ဖြတ်ခဲ့မလဲဆိုတာကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။