The Girl Who Wasn't Dead FHD

The Girl Who Wasn't Dead

Crime Drama TV Movie FHD 2024-10-05 6 86 Min

ပရိသတ်ကြီးကို ဖြစ်ရပ်မှန် Thriller ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဩစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်က ဖြစ်ရပ်မှန်တစ်ခုကို မှီငြမ်းပြီးတော့ ကယ်လီဖိုးနီးယားမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းမှာ အဲရီကာဆိုတဲ့ ၁၅ နှစ်သမီးလေး ကျောင်းကိုသွားပြီးနောက် အိမ်ကို ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။အဲရီကာဟာ အရင်ကလည်း အိမ်ကနေထွက်ပြေးဖူးပြီးတော့သူ့ထက် အသက် ၆နှစ်ကြီးတဲ့ ရည်းစားနဲ့ မိုတယ်မှာ သွားနေခဲ့တာပါ။ ဒီတစ်ခါမှာတော့ သူ့ရည်းစားက လမ်းခွဲပြီးသားမို့သူနဲ့ မဆိုင်ဘူးလို့ တွင်တွင်ပြောနေခဲ့လို့ ရဲတွေလမ်းစရှာမရအကြပ်ရိုက်နေခဲ့ပါတယ်။ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ကွင်းဆက် လူသတ်သမား ပေါ်လာခဲ့တာကြောင့်အဲရီကာဟာ လူသတ်သမားရဲ့သားကောင်ဖြစ်သွားခဲ့ပြီးအထင်နဲ့ ၂ နှစ်အကြာမှာ လက်လျှော့ပြီး ဈာပနပွဲပါ ကျင်းပခဲ့ပါတယ်။ အဲရီကာ ပျောက်ဆုံးတာ ၄ နှစ်နီးပါး ရှိပြီးချိန်လူသတ်သမားရဲ့ တရားခွင် ရုံးချိန်းမှာ အဲရီကာရောက်လာခဲ့တဲ့အချိန်မှာတော့ ဒွိဟဖြစ်မှုတွေ မယုံကြည်နိုင်မှုတွေ အများပြည်သူတွေကြားမှာ ဖြစ်လာခဲ့ပါတော့တယ်။ဒီဇာတ်ကားမှာ အိမ်ထောင်ရေး ပဋိပက္ခဖြစ်တဲ့အချိန်မှာသားသမီးတွေအပေါ်စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုဘယ်လောက်ပြင်းထန်လဲ ဆိုတာအပြင် သမီးပျောက်ဆုံးမှုကို နှစ်တွေကြာမြင့်လည်း မျှော်လင့်ချက် မဖျက်နိုင်တဲ့ မိခင်မေတ္တာကိုပါ တွေ့မြင်ရမှာပါ။ဇာတ်ကားကို ကြည့်ရှုပြီးချိန်ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့မယ့်ဇာတ်ကား တစ်ကားလို့ ဆိုချင်ပါတယ်။