Boonie Bears: Time Twist FHD

Boonie Bears: Time Twist

Comedy Family Science Fiction Animation FHD 2024-02-10 7.429 105 Min

တရုတ်ပြည်တွင်းမှာလူကြိုက်များတဲ့နာမည်ကြီးကာတွန်းစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ဝက်ဝံကြီးဝက်ဝံလေးနဲ့ သစ်ခုတ်သမားကြီးဖိုးကတုံး(ကွမ်းထိုချန်)တို့ရဲ့ ၂၀၂၄မှာရုံတင်ခဲ့တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ဖိုးကတုံးကြီးကွမ်းထိုချန်က အောင်မြင်မှုမရှိ ဝင်ငွေနည်းတဲ့သူ့ရဲ့တောတောင်ထဲကဘဝကိုစိတ်ကုန်ပြီးတော့ မြို့ပြကြီးမှာ သာမန်လူတွေလိုအလုပ်ကြိုးစားရင်းတိုးတက်ရာတိုးတက်ကြောင်းကြိုးစားပြီးနေထိုင်လာခဲ့တယ်။သူရည်မှန်းထားတဲ့ဘဝ အိပ်မက်တွေအကောင်အထည်ဖော်ဖို့မျှော်လင့်ချက်တွေပြည့်နေတဲ့အချိန်မှာပဲ သူ့ရဲ့ချစ်ရတဲ့သူငယ်ချင်းတွေဖြစ်တဲ့ဝက်ဝံကြီးနဲ့ ဝက်ဝံလေးကိုကယ်ဖို့ အချိန်စီးကြောင်းတွေကိုကူးလူးပြီးတော့အချိန်ခရီးသွားခရီးစဉ်ကြီးကိုစတင်လိုက်ရပါတယ်။ဒီခရီးမှာ သူအရင်ကတန်ဖိုးမထားခဲ့တဲ့အရာတွေရဲ့ တန်ဖိုးအစစ်အမှန်ကိုပြန်မြင်ခဲ့ပြီး အရာအားလုံးကိုပြောင်းလဲချင်လာတဲ့အခါ အချိန်မီပါဦးမလား။ကွမ်းထိုချန်တစ်ယောက် မြို့ပြဘဝမှာပဲဆက်နေသွားမလား……အရင်လိုအေးချမ်းတဲ့တောထဲမှာပဲဘဝကိုကုန်ဆုံးသွားမလား….