လက်ရှိအမေရိကန်ပြည်ထောင်စုရှိတဲ့ နေရာကြီးကို ဂျော့်ဝါရှင်တန်စပြီးတော့ ရှာမတွေ့ခင်ကတည်းက ဒီနေရာမှာနေနေတဲ့ Native American လူမျိုးတွေက ရှိပြီးသားပါ။ယနေ့ခေတ်လူဖြူတွေများလာတဲ့အခါမှာတော့ ဒီ Native American တွေကိုလူမျိုးတွေခွဲခြားဆက်ဆံတာတွေ နှိမ်ချင်တာတွေရှိကြပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီလိုမျိုး လူမျိုးရေးတွေကိုကလေးတစ်ယောက်အမြင်ကနေ ဘယ်လိုရှိလဲဆိုတာကို ပြသထားပါတယ်။Native American တွေက လူမျိူးစုတွေ အများကြီးရှိပြီးလူမျိုးစု တစုနဲ့တစုနဲ့ရိုးရာတွေ နေထိုင်ပုံတွေက မတူကြပါဘူး။ဒီဇာတ်လမ်းထဲမှာ ရိုးရာမတူညီမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေကိုဘေးဖယ်ပြီးတော့ ဘယ်လို ပေါင်းစည်းရမလဲကို ပေါ့ပေါ့ပါးပါး ပြသထားပါတယ်။ဇာတ်လမ်း အကျဉ်း အော်မရီ ဆိုတဲ့ကောင်လေးက မွေးနေ့မှာသစ်သားဗီရီုလေးတစ်လုံးကို လက်ဆောင်ရပါတယ်ဒီဗီရိုကိုသော့ခတ်ဖို့ သူ့အမေကလည်း သော့လေးတစ်ခုပေးပါတယ်။သူဆီမှာရှိတဲ့ Native American အရုပ်ကလေးတစ်ရုပ်ကိုဗီဒိုထဲထည့်ဆော့ပြီးတော့သော့ခတ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ ဒီအရုပ်လေးက လူဖြစ်ပြီးတော့ အသက်ဝင်လာခဲ့ပါတယ်။အော်မရီ ကကလေးတစ်ယောက်မနေနဲ့ ဒီအခြေအနေကိုဘယ်လိုကိုင်တွယ်မလဲဒီအရုပ်ကလေးကရောဘယ်သူလဲဆိုတာကိုဇာတ်လမ်းထဲမှာ ဆက်ကြည့်ရမှာပါ။ဒီရုပ်ရှင်က The Indian In the Cupboard ဆိုတဲ့ Lynne Reid Banks ဆိုတဲ့ဗြိတိန်စာရေးဆရာမရဲ့ဝတ္ထုကိုပြန်ရိုက်ထားတာဖြစ်လို့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမှာပါ။