HD
Street Fighter: The Legend of Chun-Li
Street Fighter ဂိမ်းကို ရုပ်ရှင်တွေ၊Animation Movie တွေအဖြစ် များစွာအသက်သွင်းခဲ့တဲ့ဇာတ်ကားတွေထဲမှာမှ ဒီဇာတ်ကားက ပရိသတ်အချစ်တော်ချွန်းလီရဲ့ဒဏ္ဍာရီကို တင်ဆက်ထားတာဖြစ်ပါတယ်။ချွန်းလီဖခင်ရဲ့အိပ်မက်ကတော့ သူ့သမီးလေးကိုစန္ဒရားပညာရှင်တစ်ယောက်အဖြစ်ကြီးပြင်းအောင်မြင်စေချင်ခဲ့တာပဲဖြစ်ပါတယ်။အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ဖခင်ဖြစ်သူရဲ့ အလုပ်အကိုင်ကို ဂဃနဏမသိခဲ့ရဘဲအိမ်ခဏခဏရွှေ့ပြောင်းနေရတာကိုပဲ ငယ်ရွယ်စဉ်ဘဝမှာအမှတ်ရနေခဲ့ပါတယ်။တစ်ရက်မှာတော့ ချွန်းလီရဲ့ဖခင်ကိုရှာဒါလောင်းဒုစရိုက်အဖွဲ့အစည်းကြီးရဲ့ခေါင်းဆောင် ဘိုင်ဆန်ကအတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ဖခင်ကို ဖမ်းဆီးသွားရတဲ့ ရည်ရွယ်ချက်ကို မသိရှိခဲ့ရဘဲမိခင်နဲ့အတူ ကြီးပြင်းခဲ့ရပြီး သူ့အဖေဖြစ်စေချင်တဲ့စန္ဒရားပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ရောဂါသည်မိခင်ဖြစ်သူကို ပြုစုရင်း ဘဝကို စန္ဒရားပညာရှင်အဖြစ်ဖြတ်သန်းနေတဲ့ချွန်းလီရဲ့ဘဝထဲရှေးဟောင်းတရုတ်စာတွေ ရေးသားထားတဲ့ထူးခြားတဲ့စာလိပ်တစ်ခု ရောက်လာခဲ့ပါတယ်။မိခင်ဖြစ်သူ ဆုံးပါးပြီးနောက်ဘဝရည်မှန်းချက်တွေ ပျောက်ဆုံးနေတဲ့ချွန်းလီအတွက်အဆိုပါစာလိပ်ရဲ့ ပဟေဠိကို စူးစမ်းရှာဖွေဖို့ ဖြစ်လာခဲ့ပါတယ်။အဆိုပါစာလိပ်ကို ကုဒ်ဖော်ပေးမယ့် တရုတ်အမျိုးသမီးကြီးတစ်ဦးနဲ့တွေ့ခဲ့ပြီးတော့သူ့ရဲ့ကံကြမ္မာအရဘန်ကောက်ကိုသွားပြီး ပင့်ကူအိမ်အဖွဲ့ရဲ့ခေါင်းဆောင် ဂန်ကိုရှာဖွေဖို့ သူ့ကို စေလွှတ်ခဲ့ပါတယ်သူ့ရဲ့ဘဝဟောင်းကို စွန့်ခွာပြီး ဘန်ကောက်မှာရရာခိုကပ်စားသောက်ရင်းနဲ့ပဲ ဂန်ဆိုတဲ့သူကို နေဝင်နေထွက်ရှာဖွေနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ ဘန်ကောက်လမ်းသရဲတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီးသတိမေ့နေခဲ့တဲ့ ချွန်းလီကို လူတစ်ယောက်ကကယ်ဆယ်သွားခဲ့ပါတယ်။ အဆိုပါသူဟာ ချွန်းလီအရမ်းတွေ့ချင်နေသူဖြစ်တဲ့ပင့်ကူအိမ်အဖွဲ့ရဲ့ခေါင်းဆောင် ဂန် ဖြစ်နေပြီးသူ့အဖေ ဘယ်မှာရှိတယ်ဆိုတာကို သိကြောင်း ပြောပြခဲ့ပါတယ်။သူ့အဖေကို ချက်ချင်းကယ်ဆယ်ချင်နေတဲ့ ချွန်းလီကိုသူရင်ဆိုင်ရမယ့် ရှာဒါလောင်းအဖွဲ့အစည်းအကြောင်းကိုခရေစေ့တွင်းကျရှင်းပြခဲ့ပါတယ်။ ဖခင်နဲ့အတူ ဝူရှူးသိုင်းပညာကိုသင်ကြားဖူးခဲ့တဲ့ ချွန်းလီဟာ ဂန့်ရဲ့တပည့်အဖြစ် ခံယူပြီးဘိုင်ဆန်ကို ရင်ဆိုင်နိုင်တဲ့ အထိ လေ့ကျင့်ခဲ့ရပါတယ်။သာမန်စန္ဒရားပညာရှင်လေးဘဝကနေ ကျော်ကြားတဲ့Street Fighter ချွန်းလီ အဖြစ်သို့ ကူးပြောင်းလာပုံများကိုပရိသတ်ကြီးအနေနဲ့ရှုစားရမှာဖြစ်ပါတယ်။