Murder at the Lighthouse FHD

Murder at the Lighthouse

Drama Thriller TV Movie FHD 2025-02-23 4.25 0 Min

ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့Murder at the lighthouse လို့ အမည်ရတဲ့Psychological Thriller အမျိုးအစားရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ် ။ဇာတ်လမ်းကတော့ နှိပ်စက်အနိုင်ကျင့်တဲ့ ခင်ပွန်းဖြစ်သူဆီကနေ ထွက်ပြေးလာတဲ့ ဂျက်စီကာဗစ်ကားစ်ကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူဆီကနေထွက်ပြေးလာတဲ့ ဂျက်စီကာဟာမုန်တိုင်းထန်တဲ့ ညတစ်ညမှာ သူငယ်ချင်းဖြစ်သူ ရိုရီရဲ့ အကူအညီနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး ကနေဒါကို ထွက်ပြေးလာခဲ့ပါတယ် ။မုန်တိုင်းကြောင့် လှိုင်းကြီးလာတဲ့အခါ သူတို့လှေကလည်းလှိုင်းဒဏ်ကိုမခံနိုင်ဘဲ မှောက်သွားရပြီးတဲ့နောက် ကံကောင်းပြီး အသက်မသေတဲ့ဂျက်စီကာဟာ ကမ်းတစ်ခုမှာ သွားတင်နေခဲ့ပါတယ် ။အဲဒီကမ်းခြေမှာ တစ်ယောက်တည်းနေတဲ့ အက်ဒလိုင်း လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်က ဂျက်စီကာကို ကယ်ထားပေးပြီး အနိုင်ကျင့်တဲ့ခင်ပွန်း လာလိုက်ရှာတာကနေပါကာကွယ်ပေးထားပေမဲ့ အဲဒီအမျိုးသမီးမှာလည်း လျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတာကို ဂျက်စီကာသိလိုက်ရပါတော့တယ် ။လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေမှာ တစ်ယောက်တည်း နေတဲ့ အက်ဒလိုင်းမှာ ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲပြီးတော့ ဂျက်စီကာကရောဘယ်လိုဆက်လုပ်မှာလဲသူ့ယောကျ်ားဆီကနေရော လွတ်အောင်ပြေးနိုင်သွားမှာလားဆိုတာကို Murder At the Lighthouse ရုပ်ရှင်မှာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။