Vampire Diaries နဲ့လူသိများကြတဲ့ မင်းသားချောZach Roerig ကြမ်းကြမ်းတမ်းတမ်း အက်ရှင်မင်းသားကြီး Scott Atkins နဲ့ Rapper ကြီး Yelawolfတို့ကပါ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ပေးထားတဲ့ Day Of Reckoning ဆိုတဲ့ အက်ရှင်ဇာတ်ကားကြမ်းအသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ရဲနဲ့လူဆိုးတို့ယှဉ်ဖိုက်တဲ့ အက်ရှင်ကားဆိုပေမဲ့မမျှမတကြီးတွေမဟုတ်ဘဲ နှစ်ဖက်လုံးမျှမျှတတသူတစ်ပြန်ကိုယ်တစ်ပြန်ကြုံးတဲ့ဇာတ်ကားမျိုးဖြစ်တဲ့အတွက်အက်ရှင်ချစ်သူတွေအတွက်ကတော့ ရှယ်မိုက်မဲ့ကားတစ်ကားပါပဲ။ဂျွန်ဆိုတဲ့ နယ်မြို့လေးတစ်ခုရဲ့ ရဲမှူးတစ်ယောက်ကသူရထားတဲ့ရဲမှူးဆိုတဲ့ဂုဏ်ပုဒ်နဲ့သေချာကိုက်ညီအောင်မထိန်းသိမ်းနိုင်တဲ့အတွက် အခက်အခဲကြုံတွေ့နေရသူတစ်ယောက်ဖြစ်ပါတယ်။မိန်းမကလည်း အားမလိုအားမရတွေဖြစ်ပြီးဘ၀မှာအဖက်ဖက်ကရှုံးနိမ့်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ သူ့ဘ၀မှာတောက်ပရမဲ့အခွင့်အရေးတစ်ခုကိုရလာခဲ့ပါတော့တယ်။အဲ့ဒါကတော့ သူနေနေတဲ့မြို့လေးမှာဘဏ်ဓားပြ၀ရမ်းပြေးရဲ့ကောင်မလေးရှိနေတာပါပဲ။အဲ့ဒီဓားပြကိုလိုက်ဖမ်းတဲ့ အရာရှိကြီးတွေက အဲ့ဒီကောင်မလေးကိုဓားစာခံဖမ်းထားလိုက်ပြီးဘဏ်ဓားပြလာမှာကိုစောင့်နေတဲ့အချိန်မှာဂျွန်ကလည်းနယ်ခံရဲမှူးအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီအားဖြည့်ပေးရင်းနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘဏ်ဓားပြကြီးကိုအမိဖမ်းနိုင်ပါ့မလားဆိုတာတွေကိုရှုစားရမဲ့ခပ်ကြမ်းကြမ်းအက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။