Warriors of the Dawn HD

Warriors of the Dawn

Action Adventure War HD 2017-05-31 6.7 129 Min

ပရိသတ်တွေ ပိတ်ရက်မှာ ဇာတ်ကားကောင်းလေးကြည့်ပြီး နှပ်နိုင်ဖို့Lee Jung Jae, Yoo Jin Goo, Kim Moo Yeol စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတဲ့၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအညွှန်းဂျပန်တွေရဲ့ကျူးကျော်မှုကိုကြုံလာရတဲ့အခါ ဂျိုဆွန်းပြည်ရဲ့မင်းကြီးဟာ ပြည်သူတွေကိုမကာကွယ်ဘဲ​ တရုတ်ပြည်ကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။အဲဒီမှာ ဂွမ်ဟယ်ဆိုတဲ့ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အိမ်ရှေ့စံမင်းသားကအကုန်တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ စစ်တပ်အင်အားနဲ့ လက်နက်တွေက မလုံလောက်တဲ့အခြေအနေမှာရှိနေတာကြောင့် အခက်အခဲတွေကြုံလာတဲ့အချိန်မှာ သူ့ဘက်က ကူညီပေးဖို့ထိုအူဆိုတဲ့အစားထိုးတပ်သားခေါင်းဆောင်ကို အကူအညီတောင်းခဲ့ပါတယ်။​အစားထိုးတပ်သားဆိုတာ တပ်သားအစစ်မဟုတ်ဘဲ တပ်သားမလုံလောက်တဲ့အချိန်မှာစစ်အင်အားဖြည့်ဖို့ အသုံးပြုခံရတာပါအိမ်ရှေ့စံမင်းသားဂွမ်ဟယ်က ထိုအူနဲ့ သူ့လူတွေရဲ့အကူအညီကိုယူပြီး ဂျပန်တွေရဲ့ရန်ကိုရှောင်ရှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။