ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူ ကြည့်လို့ရတဲ့ချစ်စရာ တိရစ္ဆာန်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီထဲကအဓိကဇာတ်ကောင်က တခြားမဟုတ်ဘဲမျောက်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်အီဗာဆိုတဲ့ ကောင်မလေးကအိမ်ကလည်းမနိုင် အိမ်ကိုလည်းမပိုင်တဲ့ဂျစ်ကန်ကန်နဲ့ကလေးမလေးတစ်ယောက်ပေါ့။သူ့ခမျာ အိမ်မွေးခွေးတစ်ကောင်လောက် မွေးချင်ပေမဲ့ ပထွေးဖြစ်သူ တွမ်ကတိရစ္ဆာန်အမွေးနဲ့ ဓါတ်မတည့်လို့ မွေးခွင့်မရဘဲ ဖြစ်နေတာပါ။အဲဒီအချိန် သူ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတာက ဒေါ့ဂျာရယ်လို့ ဖြစ်လာမယ့်မျောက်ကလေးတစ်ကောင်ပါ။အဲဒီမျောက်ကလေးက လမ်းဘေးဖျော်ဖြေသူတစ်ယောက်က မွေးထားတာဖြစ်ပြီးပရိသတ်တွေဆီကနေ မျောက်ပြဆန်တောင်းလုပ်ရင်း ပိုက်ဆံတွေလက်ဝတ်ရတနာတွေ အလစ်သုတ်တတ်အောင်လေ့ကျင့်ပေးထားတဲ့ စောရမျောက်လေး ဖြစ်နေတာပါ။နဂိုထဲကတိရစ္ဆာန်မွေးချင်နေတဲ့အီဗာဆီကို အဲဒီမျောက်ကလေးရောက်သွားတော့အိမ်ကလူတွေမသိအောင် မွေးထားရင်းမျောက်လေးရဲ့ မကောင်းတဲ့အကျင့်ကိုသိသွားတဲ့အခါသူရှာထားတဲ့ပြဿနာတွေကိုအိမ်ကမသိအောင်ရှင်းရင်းအီဗာတစ်ယောက် ဗျာများရပုံတွေကိုဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။