ဒီရုပ်ရှင်လေးကတော့ ၁၈၀၀ ပြည့်နှစ်ကာလများကအမေရိကန်ပြည်ထောင်စုအခြေအနေကို နောက်ခံထားရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။၁၈၀၀ ပြည့်နှစ်များမတိုင်ခင်မှာအမေရိကန်က ဌာနေတိုင်းရင်းသားလူမျိုးစုများနဲ့ စစ်ပွဲပေါင်းအလီလီနွှဲခဲ့ရပြီးဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ ၁၈၈၀ ပြည့်နှစ်အလွန်ကာလများမှာလည်း ဌာနေတိုင်းရင်းသားတွေ၊လူဆိုး ဓားပြတွေ များစွာပေါများနေပြီးရဲတပ်ဖွဲ့ရဲ့တရားဥပဒေစိုးမိုးမှုအားနည်းနေချိန်ပါ။လူးကပ် ဆိုတဲ့ ကောင်လေးက ညီဖြစ်သူနဲ့အတူနှစ်ယောက်တည်းနေထိုင်ပြီး အဖေဖြစ်သူရော အမေဖြစ်သူပါ ဆုံးပါးသွားပါပြီ။ ညီအစ်ကိုနှစ်ယောက်ဘဝကိုကြိုးစားရုန်းကန်ရင်း အစ်ကိုကြီးလူးကပ်က တစ်ရက်မှာတော့ လျော်ကြေးလာတောင်းတဲ့ လူတစ်ယောက်ကိုမထင်မှတ်ပဲ မတော်တဆ သေနတ်တဲ့ပစ်သတ်လိုက်မိပါတော့တယ်။ တရားရုံးကတရားစီရင်ချက်ချအပြီးမှာသေဒဏ်ချမှတ်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားရင်းနဲ့ မထင်မှတ်ပဲလူးကပ်တစ်ခါမှမတွေ့ဖူးတဲ့အဘိုးကြီးတစ်ယောက်ကထောင်ဖောက်ပြီး လူးကပ်ကိုလာကယ်သွားပါတယ်။သူတို့ရဲ့ ပတ်သတ်မှုက ဘယ်လိုလဲ။ထွက်ပြေးရာလမ်းတစ်လျှောက်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာကို ကောင်းဘွိုင်ကားတို့ထုံးစံ အက်ရှင်ခန်းအပြည့်နဲ့စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။