Lilies Not for Me FHD

Lilies Not for Me

Drama History FHD 2025-04-30 8.2 99 Min

ဒီတစ်ခါမှာတော့ ထူးထူးခြားခြား LGBT ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Lilies Not For Meဖြစ်ပြီး လက်ရှိ IMDb Rating 7.1 အထိတောင်ရရှိထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဆိုတာတော့ ငြင်းစရာကိုမရှိပါဘူး။သရုပ်ဆောင်တွေအနေနဲ့ကလည်း Lord Of The Ringsထဲက Robert Aramayo တို့ဒရာမာမင်းသားချောFionn O’Shea တို့အပြင် တခြားသော သရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အခုခေတ်မှာတော့လွတ်လပ်ပွင့်လင်းနေပြီဆိုပေမဲ့အရင်ခေတ်တုန်းက ယောက်ျားချင်းချစ်ကြိုက်တဲ့သူတွေဆိုရင်ရောဂါဖြစ်နေတယ်လို့တောင်သတ်မှတ်တာတွေ ဥပဒေနဲ့ထိန်းချုပ်ထားတာတွေရှိခဲ့ဖူးပါတယ်။ဒီဇာတ်ကားလေးကို အဲ့ဒီအချိန်ကာလအနေနဲ့ရိုက်ကူးထားပြီး အဓိကလိင်တူချစ်သူ ၂ ယောက်ကတော့အိုဝင်နဲ့ဖီးလစ်တို့နှစ်ယောက်ဖြစ်ပြီး အိုဝင်က စာရေးဆရာ ဖီးလစ်ကဆရာဝန်ဖြစ်ပါတယ်။သူတို့နှစ်ယောက်ကဝေးကွာနေခဲ့တာကြာပြီဖြစ်ပြီး တစ်နေ့မှာတော့ဖီးလစ်ကအိုဝင့်ဆီကို ကိစ္စတစ်ခုနဲ့ပြန်လာခဲ့ပါတော့တယ်။အဲ့ဒီကိစ္စကတော့ သူ့ဆီမှာလိင်တူစိတ်ဝင်စားမှုကို ကုသနိုင်တဲ့လုပ်ထုံးရှိပြီး သူတို့နှစ်ယောက်လုံးအဲ့ဒါကိုအတူတူလုပ်ကြဖို့ တိုက်တွန်းတာပါပဲ။အိုဝင်က စစချင်းမှာတော့တုံ့ဆိုင်းနေခဲ့ပေမဲ့ ဖီးလစ်အဲ့ဒါကိုလုပ်ပြီး ဖြစ်လာတဲ့ရလာဒ်အပေါ်မှာမူတည်ကာ မီးစင်ကြည့်ကသွားမှာဖြစ်တဲ့အတွက်ဒါကြီးကအောင်မြင်သွားပါ့မလား ဒါမျိုးတွေဆိုတာကရော တကယ်ရှိရဲ့လားလိင်တူစိတ်ဝင်စားတယ်ဆိုတာကရော ရောဂါတစ်ခုလားဆိုတာတွေကိုရှုစားရမဲ့ စိတ်ဝင်စားစရာ LGBTဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။