ဒရာမာ ဟော်ရာဇာတ်ကားလေးတစ်ခုနဲ့ cm ပရိသတ်ကြီးကိုမိတ်ဆက်ပေးမယ်နော်။ဒရာကူလာ ဆိုတဲ့ နာမည်နဲ့ ဗမ့်ပိုင်းယား ဒဏ္ဍာရီဇာတ်လမ်းတွေဟာ ရှေးယခင်ကတည်းက ယုံကြည်သူတွေရော မယုံကြည်သူတွေပါ ရှိခဲ့တဲ့ အကြောင်းတွေပါ။ဒီဇာတ်ကားမှာတော့ ဆယ်ကျော်သက်လူငယ်နှစ်ဦးရဲ့ရင်ခုန်သံစီးချက်တွေနဲ့အတူ ဒီဒဏ္ဍာရီ အကြောင်းကိုယှဉ်တွဲ တင်ဆက်ထားတာ ဖြစ်ပါတယ်အီတလီနိုင်ငံ နပိုလီမြို့လေးရဲ့ လမ်းသွယ်တစ်ခုထဲမှာမိဘမဲ့ဆယ်ကျော်သက်ကောင်လေး မီမီဟာ ပီဇာမီးဖိုအပူငွေ့တွေ ကြားထဲမှာ ဘဝကို ရုန်းကန်နေပါတယ်။သူဟာ မွေးလာကတည်းက ခြေထောက်ပုံစံမူမမှန်တာကြောင့် ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံ ဖယ်ကျဉ်ခံခဲ့ရတဲ့ ကောင်လေးဖြစ်ပါတယ်။တစ်ညမှာ ကာမီလာဆိုတဲ့ ဆယ်ကျော်သက် အိမ်ပြေးကောင်မလေး တစ်ယောက်နဲ့ ဆုံတွေ့ချိန်မှာအရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။ ကာမီလာက သူ့ကိုယ်သူမြို့စားဒရာကူလာရဲ့ မျိုးဆက်လို့ ယုံကြည်ထားပြီး သူမရဲ့နူးညံ့ပြီး လွတ်လပ်တဲ့ စိတ်ထားက မီမီကို အရူးအမူးစွဲလမ်းစေခဲ့ပါတယ်သူတို့နှစ်ဦးအတူ လူ့ပတ်ဝန်းကျင်ကို စွန့်ခွာပြီးတော့လျှို့ဝှက်စွန့်စားမှုတွေ ပြည့်နေတဲ့ ခရီးရှည်ကို စတင်ဖို့ဆုံးဖြတ်လိုက်တဲ့ အချိန်မှာတော့…။