ငယ်ငယ်ထဲက ကမ္ဘာ့အတော်ဆုံး မိုင်းတူးသမားဖြစ်ချင်ခဲ့တဲ့စတိဗ်ဟာ မိုင်းတွင်းဟောင်းကြီးတစ်ခုကိူသွားလေ့ရှိတယ်သူသွားတိုင်း အသက်ကြီးကြီးအဘိုးကြီးက အမြဲနှင်ထုတ်တာကြောင့် လက်လျှော့ခဲ့ရတာခဏခဏပဲ…ဒီလိုနဲ့ အသက်တွေကြီးပြီး ပျင်းစရာ ကုမ္ပဏီ ၀န်ထမ်းဘ၀နဲ့ဖြတ်သန်းလာခဲ့တဲ့ စတိဗ်ဟာ ဘ၀ကိုပြန်စဉ်းစားရင်းငယ်ငယ်ကဖြစ်ချင်တဲ့ Miner ဘ၀ကို ပြန်သွားဖို့စိတ်ကူးလိုက်ပါတယ်.ဒီခါတော့သူ့ကိုတားမယ့် အဘိုးကြီးကိုတွန်းထုတ်ပြီး မိုင်းတွင် ထဲကို ၀င်သွားလိုက်ပါတယ်…မိုင်းတူးနေရင်း အလင်းတွေထွက်နေတဲ့ ဖန်ဆင်းမှုကျောက်တုံးနှစ်ခုကိုတွေ့ပြီး ပေါင်းစပ်လိုက်ရာကနေ Minecraft ရဲ့overworld ကမ္ဘာကြီးထဲရောက်သွားပါတော့တယ်..over world နဲ့အတူ ၀က်သတ္တဝါ ပင်ဂလင်တွေနေပြီးဖန်ဆင်းခြင်းမရှိတဲ့ underworld လည်းရှိနေပါတယ်..ဒီကမ္ဘာတွေကိုအုပ်စိုး ဖို့ကြိုးစားနေတဲ့မစ်ဂိုရှာဆိုတဲ့စုန်းမကြီးနဲ့ စတိဗ်တို့အဖွဲ့ ရင်ဆိုင်ဖို့အကြောင်းဖန်လာပါတော့တယ်…………