Harriet the Spy HD

Harriet the Spy

Comedy Drama Family HD 1996-07-10 6.027 100 Min

ဒီဇာတ်ကားလေးကတော့ ဟဲရီရက်ဆိုတဲ့ ခြောက်တန်းအရွယ်ကောင်မလေးတစ်ယောက်ရဲ့စပိုင်လုပ်ပြီးတော့ စာရေးဆရာဖြစ်ချင်စိတ်ပြင်းပြမှုကို ပေါ့ပေါ့ပါးပါး ရိုက်ပြထားတာပါ။၁၁ နှစ်ပဲ ရှိသေးတဲ့ဟဲရီရက် ဟာ တွေ့သမျှကို မှတ်စုစာအုပ်လေးထဲမှာ ချရေးပြီးတော့သူ့ရဲ့ စာရေးဆရာမ ဖြစ်ချင်စိတ်ကို မြင့်တင်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ကို ကလေးထိန်းပေးတဲ့ဂေါ်လီဟာ အကြောင်းတခုခုကြောင့်အလုပ်ထွက်သွားတဲ့ အခါမှာတော့ ဟဲရီရက်တစ်ယောက်လောကဓံကို တခုပြီးတခု စတင်ခံစားရပါတော့တယ်။ ဒီဇာတ်လမ်းလေးက ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်သင့်လဲဆိုတာကို သေချာပြသနိုင်တဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ဒီထဲမှာဟဲရိရက်ရဲ့ မိဘတွေက သားသမီးကို မအားတဲ့အခါ ပစ်ထားပေမယ့် တကယ်လိုအပ်တဲ့အခါမှာ သားသမီးတစ်ယောက်ကို ဘယ်လိုကောင်းကောင်း ကိုယ်တွယ်နိုင်တယ်ဆိုတာကိုပြသပေးနိုင်ပါတယ်။ မိသားစုသားသားမီးမီးလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ဆုံးမစကားလေးတွေပြောပြီး ကြည့်နိုင်တဲ့ကားလေးဖြစ်လို့ လက်မလွှတ်သင့်ပါဘူး။