Tom and Huck HD

Tom and Huck

Action Drama Family Adventure HD 1995-12-22 5.271 97 Min

ဒီဇာတ်ကားက Disneyကထုတ်ထားတဲ့ Family/Adventureဇာတ်ကားဖြစ်ပြီး Disney themeနဲ့ ကွဲထွက်နေတဲ့ပုံစံမျိုးရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းပုံစံကတော့အဒေါ့်အိမ်မှာ ကပ်နေနေတဲ့တွမ်ဆိုတဲ့ ကောင်လေးက အိမ်ကနေအမြဲထွက်ပြေးဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။အဲဒီလိုထွက်ပြေးရင်း ဟက်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။သူတို့၂ယောက်အဖွဲ့ကျရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုနဲ့ ကြုံလိုက်ရပါတယ်။ဒါကတော့ ရတနာသိုက်တူးရင်းလူသတ်မှုဖြစ်သွားတဲ့အမှုပဲဖြစ်ပါတယ်။တွမ်တို့ ၂ယောက်က လူသတ်တရားခံအစစ်ကိုမြင်လိုက်ပေမဲ့တရားခံက အင်မတန်ဆိုးတဲ့ ဓါးဝိဇ္ဇာကြီးဖြစ်နေလို့ သူတို့မြင်ခဲ့တဲ့အတိုင်းထုတ်မပြောဖို့သစ္စာဆိုလိုက်ကြပါတယ်။သူတို့ရဲ့မြို့နေလူထုက တရားခံအစစ်မဟုတ်တဲ့သူကို စွပ်စွဲကားစင်တင်ဖို့လုပ်လာတဲ့အချိန်မှာစိတ်ရင်းမှန်တဲ့တွမ်တစ်ယောက် အမှန်တရားကိုထုတ်ပြောလိုက်မိသွားပါတယ်။အဲဒါကြောင့်ပဲ တရားခံအစစ်ဖြစ်တဲ့ဓါးဝိဇ္ဇာကြီးက တွမ်တို့ကို အငြိုးထားပြီးလိုက်သတ်ဖို့ကြိုးစားလာလို့ သူတို့၂ယောက် သက်စွန့်စံဖျား လူဆိုးကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ပုံကိုကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။