ဒီဇာတ်လမ်းလေးကတော့ Stanley ဆိုတဲ့မှင်စာလေးကိုအခြေခံထားပြီးပုံဖော်ထားပါတယ်။ Stanley ဟာမှင်စာဖြစ်ပေမယ့်စိတ်ရင်းနှလုံးကောင်းမွန်ပြီး နူးညံ့တဲ့ဗီဇရှိတဲ့အမျိုးဖြစ်ပါတယ်သူ့မှာပန်းပင်လေးတွေကိုဖန်တီးနိုင်တဲ့မှော်ဆန်တဲ့အစိမ်းရောင်လက်မလေးကိုပိုင်ဆိုင်ထားတယ်။စိတ်မကောင်းစရာတစ်ခုကတော့ မှင်စာတို့ရဲ့ကမ္ဘာမှာဒီလိုကြင်နာမှုတွေ၊ လှပမှုတွေကိုအလိုမရှိကြပါဘူး။ဆိုတော့ Stanleyကပန်းလေးတွေကိုသူ့ရဲ့နေရာလေးမှာပဲဘယ်သူမှမမြင်အောင်ဖုံးကွယ်ပြီးစိုက်ပျိုးထားရတာပါ။ဒီလိုနဲ့တစ်ရက်မှာတော့ပန်းပွင့်ကြီးတစ်ခုကိုဖန်တီးမိလိုက်ပြီးဘုရင်မကြီးဆီ Stanleyရဲ့သတင်းကရောက်ရှိသွားပါတယ်။Stanley ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ဒါပေမယ့်ဘုရင်မကြီးကတော့သူ့ကိုလုပ်ထုံးလုပ်နည်းအရကျောက်တုံးအဖြစ်ပြောင်းပစ်ချင်နေတာပါ။Central Park မှာStanley က Gus တို့မောင်နှမနှစ်ယောက်နဲ့ဆုံပြီးပျော်ရွှင်နေတာကို ဘုရင်မကြီးကတွေ့တော့သူ့ရဲ့ဒေါသတွေပိုပြီးကြီးထွားလာပါတယ်။ဆိုတော့ Stanleyဘုရင်မကြီးရဲ့ဒေါသကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ဘယ်လိုအခက်အခဲ အတားအဆီးတွေကိုကျော်ဖြတ်ရမလဲဆိုတာကိုဒီဇာတ်လမ်းလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။IMDB မှာလည်း5.3ထိရရှိထားပြီးတော့ ဒီထဲက Soundtrack ဟာဆိုရင်လည်းပရိသတ်တွေရဲ့ရင်ထဲမှာနေရာတစ်ခုရရှိခဲ့ပါတယ်။ကလေးတွေအပြင် Animationကြိုက်နှစ်သက်တဲ့လူတွေအတွက်အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ခုပါ။