Bromates FHD

Bromates

Comedy FHD 2022-10-07 2 97 Min

သင်ဟာ စော်ပစ်ကောင်တစ်ယောက်ဆိုရင်တော့ … ရီဗျူးဖတ်မနေဘဲ ဒီကားကို တန်းသာဒေါင်းကြည့်လိုက်ပါတော့ ညိုကီတို့ရေ ဘာလို့ဆို ဒီကားက ညိုကီတို့လို စော်ပစ်ကောင်တွေအကြောင်း ဖြစ်လို့ပါပဲ။ စော်မပစ်သေးလည်း နောင်ရေးအတွက် မျှော်မှန်းပြီး ဖြေသိမ့်နည်း အဖြာဖြာ လေ့လာထားနိုင်ပါတယ်။ စော်မရှိတွေကလည်း ပညာယူကြပေါ့ဗျာ ထူးခြားချက်ကတော့ ဒီကားမှာ Snoop Dogg ကြီးလည်း ဘာမဆိုင်ညာမဆိုင် ဖြတ်လျှောက်လုပ်ထားသေးတာဗျ… ပြောရရင်တော့ ဒေါ့ဒေါ့နဲ့တွေ့မှ ပြောင်းလဲကုန်ကြသည်ပေါ့ဗျာ … ဒီတော့ ဆက်မနှိမ်ဘဲ ဇာတ်လမ်းအကျဉ်းလေး ပြောပြမယ် အဓိက ဇာတ်ဆောင်က ၄ ယောက်။ ငယ်ငယ်ကတည်းက ပြောမနာဆိုမနာတွေ ဖြစ်ပြီး အခုတော့ ကိုယ်စီအလုပ်နဲ့မလို့ မဆုံဖြစ်ကြတဲ့ ဘော်ဒါတစ်သိုက်ပေါ။ ဒါမဲ့ တစ်နေ့မှာ ဒီလေးယောက်ဆုံနိုင်ဖို့အရေး ကံကြမ္မာက သူတို့ထဲက နှစ်ကောင်ကို တစ်ရက်တည်းအပြိုင် စော်ပစ်ကောင်ဇာတ်သွင်းပေးလိုက်ပါလေရော။