Tory လို့်ခေါ်တဲ့ အောင်မြင်တဲ့စာတိုက်ပိုင်ရှင်အမျိုးသမီးမှာ သူချစ်ရတဲ့ Love Club လို့ခေါ်တဲ့ သူငယ်ချင်းလေးယောက်အဖွဲ့လေးရှိပါတယ်။တစ်နေ့မှာ Aliceဆိုတဲ့ကလေးလေးကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပြီးနောက် ကြေးများတတ်တဲ့သူမဟာ အချစ်ရေးမှာပိုပြီးတော့တောင်အဆင်မပြေဖြစ်လာပါတယ်။ဒါနဲ့ပဲသူငယ်ချင်းတွေကသူမကို ကလေးထိန်း(Nanny)ရှာပေးဖို့လုပ်ကြရင်း တစ်ယောက်နဲ့မှအဆင်မပြေခဲ့ပေမဲ့ Finn ဆိုတဲ့ကောင်လေးနဲ့မှပဲသေဘောတွေ့ခဲ့ပါတယ်။ဒါပေမဲ့ Finn ကလည်းတကယ်တော့ ကလေးထိန်းလာလုပ်တာမဟုတ်ဘဲသူမကိုစာမူလာပို့ချင်တဲ့စာရေးဆရာပေါက်စသာဖြစ်ပါတယ်။Finn လည်း သူ့စာမူကိုမရမကပေးမယ်ဆိုပြီး သူနဲ့နီးစပ်အောင်ကလေးထိန်းအဖြစ်သာ ချော်လဲရောထိုင်လုပ်လိုက်ရင်းဘာတွေဆက်ဖြစ်ကြမလဲ..?Finn နဲ့ Tory အဆင်ပြေပါ့မလား အဖေမရှိတဲ့ Alice အတွက်ရော Tory တစ်ယောက်အဖေရှာပေးနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးကိုကြည့်ရူ့ဖို့တိုက်တွန်းချင်ပါတယ်။