Animal Within FHD

Animal Within

Drama Thriller Science Fiction FHD 2025-04-21 6 101 Min

တွမ် နဲ့ အန်နီတို့စုံတွဲဟာ အန်နီရဲ့ဦးလေးဖြစ်သူ ပိုင်ဆိုင်တဲ့အိမ်တစ်လုံးမှာ အတူနေထိုင်ကြပါတယ်…အန်နီက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး တွမ်ကတော့ဇာတ်ညွှန်းရေးသားသူတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားနေသူဖြစ်ပါတယ်..တစ်နေ့မှာ အန်နီရဲ့ အလုပ်ရှင်သူဌေးအပြောင်းအလဲဖြစ်သွားပြီးတော့ အလုပ်ရှင်အသစ်က အန်နီကိုလိင်ပိုင်းဆိုင်ရာကိစ္စတွေမှာ အမြတ်ထုတ်စော်ကားလာပါတော့တယ်..အဲဒီအကြောင်အရာတွေကို တွမ်လည်း သိရှိနေပါတယ်အန်နီရဲ့ သူဌေးက တစ်နေ့တခြား ပိုပြီးတော့ အတင့်ရဲလာတဲ့အခါမှာ တွမ်တစ်ယောက်အန်နီနဲ့အဆင်မပြေဖြစ်လာပါတော့တယ်. ကိုယ်တိုင်က ဝင်ငွေအတည်တကျမရှိဘဲနဲ့မသေချာမရေရာတဲ့ လမ်းကြောင်းတစ်ခုအပေါ်မှာလျှောက်လှမ်းနေတဲ့သူ ဖြစ်တာကြောင့်အခြေနေတွေကိုပြောင်းလဲနိုင်စွမ်းလည်း မရှိတဲ့အခါမှာလူ့သဘာဝအရအရိုင်းဆန်တဲ့ စိတ်ဓာတ်တွေပေါ်ထွက်လာပြီးတော့ ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ထွက်ပေါက်ရှာမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်…..