Pokémon the Movie 2000 FHD

Pokémon the Movie 2000

Childhood Memory တွေထဲက တစ်ခုဖြစ်တဲ့ ပိုကီမွန်ဆိုတဲ့ Animation တွေထဲကရုင်ရှင်တစ်ခုဖြစ်တဲ့ Pokémon the Movie 2000 လေးတင်ပေးသွားမှာပါဒဏ္ဍာရီလာ ပိုကီမွန်များဖြစ်သော Moltres, Zapdos နဲ့ Articuno တို့ရဲ့ မီးရေခဲ မိုးကြိုး ဟန်ချက်ပျက်ယွင်းသွားသောအခါ ကမ္ဘာကြီးကို ကယ်တင်ဖို့အက်ရှ်နဲ့ သူ့ သူငယ်ချင်းတွေ ကြိုးစားကြတဲ့အကြောင်းလေးပါဇာတ်လမ်းအစမှာ လောရင့်စ်သည် ဒဏ္ဍာရီလာ ပိုကီမွန်များကို စုဆောင်းကာလူဂီယာကို ဖမ်းဆီးရန် ကြိုးပမ်းနေခဲ့တယ် လောရင့်စ် က Moltres ကိုအလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ပြီး Zapdos ဖမ်းဆီးရန် ကြိုးစားနေစဉ်အက်ရှ် တို့သူငယ်ချင်းအုပ်စုမှာ မုန်တိုင်းမိပြီး ကျွန်းသို့ ရောက်သွားကြသည်။အဲကျွန်းမှာ တွင် နှစ်စဉ်ကျင်းပသော ပွဲတော်၌ အက်ရှ်ကို “ရွေးချယ်ခံရသူ” အဖြစ်သတ်မှတ်ခံရပြီး ဒဏ္ဍာရီလာ ပိုကီမွန်သုံးကောင်၏ ကျွန်းများမှ ပစ္စည်းသုံးမျိုးကိုစုဆောင်းရန် တာဝန်ပေးအပ်ခဲ့တယ်၊ အဲတာဝန်ကို ကူညီဖို့ မယ်လိုဒီဆိုတဲ့ဒေသခံက ကူညီပေးမှာဖြစ်တယ် အက်ရှ်နဲ့ သူငယ်ချင်းတစ်သိုက် ပစ္စည်း ၃ မျိုးကိုဘယ်လိုအခက်အခဲတွေကြားကနေ စုဆောင်းရမလဲ။ မျှချေ မတည်မငြိမ်ဖြစ်နေတဲ့ကမ္ဘာကြီးကိုကော ကယ်တင်သွားနိုင်မလားဆိုတာ ကြည့်ရမယ့် ပေါ့ပေါ့ပါးပါးPokemon Animation လေးဖြစ်ပါတယ်