အက်ရှင်ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် ဒီရုပ်ရှင်ကားမှာတော့“Taxi Driver, The Eve”စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Seo Han Gyeolနဲ့“Dal Soon’s Spring, The Eve”စတဲ့ဇာတ်ကားတွေမှ မင်းသမီး Hong Ah Reumတို့ကအဓိကပါဝင်ထားပါတယ်ဇာတ်လမ်းကတော့ဂျောင်အူ (Seo Han Gyeol) ဟာ ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးသွားတာကြောင့်မိဘတွေရဲ့ သူငယ်ချင်းဖြစ်တဲ့ ဟန်နာ (Hong Ah Reum) ရဲ့ အမေက ဂျောင်အူကိုခေါ်ယူပြီးမွေးစားခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ ဂျောင်အူဟာ မွေးစားအမေနဲ့ အစ်မဟန်နာကိုမပင်ပန်းစေချင်တာကြောင့် နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ခဲ့ပါတယ်။တစ်နေ့မှာတော့မွေးစားအမေက ကားမတော်တဆမှုကြောင့် ဆုံးပါးသွားတဲ့သတင်းကို ကြားပြီးကိုယ့်နိုင်ငံကို အပြေးပြန်လာခဲ့ပေမဲ့ အဲဒါက သာမန်ကားမတော်တဆမှုမဟုတ်ဘဲ မူးယစ်ဆေးဖြန့်ဖြူး ရောင်းချတဲ့ဂျပန်ယာကူဇာဂိုဏ်းနဲ့ ပတ်သက်နေတဲ့အခါမှာတော့….ဂျောင်အူတစ်ယောက် မွေးစားအမေအတွက် တရားမျှတမှုကိုရှာဖွေပြီး လက်စားချေပေးနိုင်ပါ့မလား..ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲကြည့်ရှုလိုက်ကြပါဦးနော်။