သဘာဝလွန်ရုပ်ရှင်တွေကို ကြည့်ရတာစိတ်ဝင်စားတဲ့သူတွေအတွက် ဒီလထဲအသစ်ထွက်ထားတဲ့ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။Supernatural တွေကိုလိုက်ရှာပြီးရှင်းလင်းနေတဲ့ “The Project” ဆိုတဲ့ အဖွဲ့အစည်းဟာ နတ်ဆိုးတွေရဲ့မိခင်ကြီး Lilith ကို ရှင်းလင်းဖို့အတွက် အသုံးဝင်မယ့်အရည်အချင်းကိုယ်စီရှိတဲ့ အမျိုးသမီးလေးယောက်ကို လိုက်လံရှာဖွေစုဆောင်းဖို့ ကြံစည်ထားခဲ့ကြပါတယ်။အဲ့ဒီအမျိုးသမီးလေးယောက်က ဘယ်သူတွေလဲ…တကယ်ပဲအားလုံးကို စုစည်းနိုင်မှာလား..?TheProject ရဲ့ အစီအစဉ်တွေကရော အကုန်အထမြောက်ပါ့မလား အစရှိတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေအပြင် ကံကြမ္မာအကြောင်းကိုပါ ဒီဇာတ်လမ်းလေးထဲမှာတစေ့တစောင်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။Plot twist တွေပါ ပါဝင်တာကြောင့် တွေးရတာကြိုက်တဲ့သူတွေဆိုရင်တော့ လက်လွှတ်မခံဖို့ အကြံပြုချင်ပါတယ်။