Cool Gel Attacks FHD

Cool Gel Attacks

Comedy Horror Science Fiction FHD 2010-12-02 5.6 82 Min

ပေါက်စီလုပ်ရောင်းတဲ့ ထီရာချိုင်နဲ့ ရေခဲစက်ရုံပိုင်တဲ့ မဲတို့ဟာ အိမ်နီးချင်းတွေဖြစ်ကြပြီး ကျန်တဲ့မိသားစုဝင်တွေက အချင်းချင်း တည့်ကြပေမဲ့ သူတို့နှစ်ယောက်ကတော့မျက်လုံးချင်းဆုံလိုက်တိုင်းရန်ဖြစ်နေတတ်ကြတဲ့ လူနှစ်ယောက်ပါ။တစ်နေ့မှာတော့ ဘန်ကောက်မှာ ထူးဆန်းတဲ့ဂျယ်လီပိုးကောင်လို အရာတွေ ပေါ်လာပြီးနောက် မြို့သူမြို့သားတွေဟာဒါတွေကို ဂြိုဟ်သားတွေလို့ယူဆကြပြီး အတိတ်ကောက်ခါ ထီထိုးကြ ကိုးကွယ်ကြနဲ့ ပျားပန်းခပ်နေကြပါတယ်။ဒီထဲမှာ မတည့်အတူနေနှစ်ယောက်ဖြစ်တဲ့ ထီရာချိုင်နဲ့ မဲလည်းအပါအဝင်ပေါ့။ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒါဟာ ဂြိုဟ်သားမဟုတ်ဘဲ ရေစိမ်ထားတဲ့ အပူကျကပ်ခွာဖြစ်ကြောင်းအတည်ပြုပြီးနောက် ဒီကိစ္စဟာ ဒီမှာတင် ပြီးပြတ်သွားပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အပူကျကပ်ခွာလို့ ထင်ထားခဲ့တဲ့ အဲဒီပိုးကောင်က ထီရာချိုင်တို့အိမ်မှာ လူတစ်ယောက်ကိုသတ်လိုက်တဲ့အခါမှာတော့ ပိုးကောင်ဆီကနေ လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ ထီရာချိုင်နဲ့ မဲတို့ ပြန်တည့်သွားမလား..ပိုးကောင်တွေကိုရော ရှင်းထုတ်နိုင်မလားဆိုတာကို  Channel Myanmar နဲ့အတူ ကြည့်ရှုခံစားပေးပါဦးနော်။