The Restless HD

The Restless

Fantasy HD 2006-12-20 5.8 102 Min

တစ်ချိန်က ဘုရင်ကိုယ်တိုင်ချီးမြှောက်ထားတဲ့ ချောယုံးဒယ်ဆိုတဲ့ တော်ဝင်မကောင်းဆိုးဝါးနှိမ်နင်းသူအဖွဲ့ ဟာ မင်းမျိုးမင်းနွယ်တွေရဲ့ ဒုစရိုက်မှုတွေကြောင့် ပြန်လည်ပုန်ကန်တဲ့အခါမှာတော့ အဖွဲ့ဝင်တွေအကုန် သေဆုံးသွားကြရပြီးနောက် အဖွဲ့ပါ ဖျက်သိမ်းခံလိုက်ရပါတော့တယ်။ထိုသေဘေးကနေ လွတ်မြောက်သွားခဲ့တဲ့ ချောယုံးဒယ်ရဲ့အဖွဲ့ဝင်ဖြစ်သူ အီဂွက်(Jung Woo-Sung)ဆိုသူကတော့ သရဲတစ္ဆေတွေကို မြင်နိုင်တဲ့အစွမ်းရှိပြီး နေရာအနှံ့မှာ မကောင်းဆိုးဝါးလိုက် နှိမ်နင်းရင်းနဲ့ကံအကြောင်းမလှပဲ တမလွန်လောကကို ရောက်လာပါတော့တယ်။တမလွန်လောကမှာတော့ သေဆုံးပြီး ဝိညာဥ်တွေဟာ ၄၉ ရက်ကြာ ဒီနေရာမှာ နေထိုင်ရင်း ငရဲကျမလားနတ်ပြည်သွားရမလား လူပြန်ဝင်စားမလားဆိုပြီး ဆုံးဖြတ်ခံကြရပါတယ်။သေခြင်းရှင်ခြင်း နှစ်မျိုးကြားမှာ တည်ရှိနေတဲ့ ဆန်းပြားလှတဲ့ ဒီနေရာမှာ အီဂွက်တစ်ယောက်သေဆုံးသွားပြီဖြစ်တဲ့ တစ်ချိန်က ချစ်ရသူ ယွန်းဟွာ (Kim Tae-Hee) နဲ့ တစ်ထပ်တည်းတူနေပေမဲ့အရင်ဘဝနဲ့ပတ်သတ်ပြီး ဘာမှတ်ဥာဏ်မှမရှိဘဲ တမလွန်လောကရဲ့အစောင့်အရှောက် မသေမျိုးတစ်ဦးဖြစ်နေတဲ့ဆိုဟွာ (Kim Tae-Hee) ဆိုသူနဲ့ တွေ့ရတဲ့အခါမှာတော့…..မမေ့သွားပါဘူးလို့ ကတိပေးထားခဲ့တဲ့ ချစ်ရသူမိန်းကလေးက ကတိပေးထားတဲ့အတိုင်း ပြန်မှတ်မိလာမလား…တမလွန်လောကကိုကာကွယ်ရမဲ့အစောင့်အရှောက် တစ်ဦးနဲ့ လူသားတစ်ဦးတို့ ပေါင်းစည်းလို့ရနိုင်မလားဆိုတာကိုတော့….