ဗီယက်နမ်စစ်နောက်ခံဇာတ်ကားအတော်များများကို ကြည့်ဖူးကြမှာဖြစ်ပေမယ့် အများစုနီးပါးဟာ အမေရိကန်ဘက်ကရိုက်တာဖြစ်ပါတယ်။အခုတော့ ဗီယက်နမ်ဘက်က ဗီယက်နမ်အမြင်နဲ့ရိုက်တဲ့စစ်ကားလာပါပြီ။ ငွေအတော်သုံးထားသလို ကြိုးစားအားထုတ်မှုတွေကိုလည်း မြင်သာပါတယ်။၂၀၂၅ ဧပရယ် ၄ ရက်နေ့မှာ ဗီယက်နမ်စစ်ပွဲရဲ့ နောက်ဆုံးအောင်ပွဲနှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်ရုံတင်ခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ဗီယက်နမ်စစ်ပွဲရဲ့အပြင်းထန်ဆုံးကာလ စီဒါဖောလ်စစ်ဆင်ရေးအပြီးမှာ တည်ဆောက်ထားတာပါ။ဥမင်လှိုဏ်ခေါင်းတွေထဲကနေထောက်လှမ်းရေးသတင်းပို့လွှတ်မှုတွေကို တာဝန်ယူကာကွယ်ခဲ့ကြတဲ့ ဗီယက်ကောင်းတွေရဲ့ ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ကိုအခြေခံထားတာဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ သူတို့တွေရဲ့နာမည်ကျော်ပြောက်ကျားအဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်၊ ခံယူချက်၊ အလုပ်လုပ်ပုံတွေကိုအနီးကပ်မြင်တွေ့ရမှာပါ။တောအုပ်အစစ် ၇ ဟက်တာကို ငှားရမ်းပြီး ဗုံးဒဏ်သင့်မီးလောင်ခံတောအုပ်အဖြစ်ဖန်တီးခဲ့သလို၊ကူချီဥမင်လှိုဏ်ခေါင်းတွေကိုပါ ပုံစံတူအသေးစိတ်ပြန်တည်ဆောက်ခဲ့ပြီးအဲ့ဒီအချိန်တုန်းက အမေရိကန်စစ်တပ်ကအသုံးပြုခဲ့တဲ့ လက်နက်တွေ သံချပ်ကာယာဉ်တွေကိုပါ ပြန်လည်ဖန်တီးထားပါသေးတယ်ဒီနှစ်အော်စကာအတွက် ဗီယက်နမ်ရဲ့ submission ဖြစ်ဖို့လည်းနီးစပ်နေပါတယ်။စစ်ကားကြိုက်ပရိသတ်တွေ၊ သမိုင်းနောက်ခံစိတ်ဝင်စားသူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းတစ်ကားပါ။