Vallamai FHD

Vallamai

Unknown FHD 2025-04-25 5 107 Min

အသစ်ထွက်ထားတဲ့ တမီလ်စကားပြော မှုခင်းဒရာမာရုပ်ရှင်လေးတစ်ခုကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာ ဒီနေ့ရဲ့ ခေတ်စနစ်တွေကို မီးမောင်းထိုးပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ဇာတ်လမ်းကတော့.. ဆာရာဗာနန်ဆိုတဲ့ လူတစ်ယောက်၊ ဇနီးသည်ဆုံးသွားပြီးတဲ့နောက်မှာသမီးလေးကိုခေါ်ပြီး မြို့ကိုတက်လာခဲ့တယ်။သမီးလေးအတွက် ပိုကောင်းတဲ့ဘဝရချင်တာရော၊ ရွာကလူတွေသနားတာကိုမခံချင်တာရောကြောင့်ပေါ့။ အဲဒီလိုနဲ့ ချန်နိုင်းမြို့ကြီးကိုရောက်လာတယ်။သုံးဘီးဆရာတစ်ယောက်ကျေးဇူးနဲ့ အိမ်ခန်းသေးသေးလေးရော၊ အလုပ်လေးတစ်ခုရော ရှာလို့ရသွားတယ်။အဲဒီလိုနဲ့ မျှော်လင့်ချက်တွေနဲ့ ရောက်လာတဲ့ ဆာရာဗာနန်တစ်ယောက် မြို့ပြရဲ့ခေါင်းပုံဖြတ်မှုတွေ၊ ခက်ခဲကြမ်းတမ်းမှုတွေကြားမှာ ရုန်းကန်နေရတုန်းမှာ သူတို့သားအဖရဲ့ ဘဝကို ကပြောင်းကပြန်ဖြစ်စေမယ့် ကိစ္စတစ်ခုနဲ့ကြုံရပြီးအရူးမီးဝိုင်းဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်တယ်…။