စတယ်လာ စတုန်းဆိုတဲ့ မိန်းကလေးဟာ ကလေးဘဝကတည်းက ဦးထုပ်ဖန်တီးသူတစ်ဦး ဖြစ်ချင်ခဲ့တဲ့သူဖြစ်ပါတယ်…အရွယ်ရောက်လာချိန်မှာတော့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဦးထုပ်ဖန်တီးသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်…ဒါပေမဲ့ တက်သစ်စလူငယ်တစ်ယောက်ဖြစ်သလိုဦးထုပ်ဖန်တီးတဲ့ လုပ်ငန်းဟာလည်းခေတ်နောက်ကျနေပြီဖြစ်တာကြောင့်နာမည်ကြီးပုဂ္ဂိုလ်တွေလောက်ပဲဦးထုပ်ဖန်တီးသူတွေကို ငှားရမ်းကြတော့တာပါဒါကြောင့် စတယ်လာဟာ သူ့ရဲ့အရည်အချင်းကိုထုတ်ပြဖို့အတွက် မြင်းပြိုင်ပွဲနဲ့အတူ ပူတွဲကျင်းပတဲ့ဦးထုပ်ပြိုင်ပွဲမှာအလှဆုံးဦးထုပ်ဆုကို အရယူဖို့ကြိုးစားပါတယ် .. ဒါကြောင့် နာမည်ကြီး မောဒယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရော့ဆီလန်းကို ချဉ်းကပ်ခဲ့ပါတယ် ရော့ဆီလန်းကလည်း အဲဒီဆုကို ရယူချင်နေသူဖြစ်ပြီးစတယ်လာဆီမှာ ဦးထုပ်အပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်..ရော့ဆီလန်းရဲ့ သားဖြစ်သူ ခရစ်ရှန်က မြင်းဝါသနာအိုးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ မြင်းကို မြင်းပြိုင်ပွဲမှာဝင်ပြိုင်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်မြင်းအကြောင်းတွေကိုအနည်းငယ်နားလည်ထားတဲ့ စတယ်လာကလည်းခရစ်ရှန်ကိုပါ ကူညီပေးရင်းနဲ့ နှစ်ယောက်သား ခင်မင်ရင်းနှီးသွားပါတော့တယ်..ဒီလိုနဲ့ မူလရည်မှန်းချက်ဖြစ်တဲ့အလှဆုံးဦးထုပ်ဆုကိုရရှိသွားမလားဆိုတာနဲ့ ခရစ်ရှန်နဲ့ရော ဘယ်လိုမျိုးဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..အမျိုးသား တွေအတွက် အဓိကကျင်းပတဲ့မြင်းပြိုင်ပွဲမှာအမျိုးသမီးတွေအတွက် ဦးထုပ်ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပပြီး အမျိုးသမီးတွေကိုပါ ဦးစာပေးတတ်တဲ့ ဓလေ့တွေနဲ့ ဝတ်စားဆင်ယင်ဖို့အတွက်ဖက်ရှင်ဒီဇိုင်းတွေကိုဘယ်လိုအဓိပ္ပါယ်စိတ်ကူးတွေနဲ့ ဖန်တီးကြလဲဆိုတာကိုသိမြင်ခံစားရမှာပဲ ဖြစ်ပါတယ်….