ကာတွန်းကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဖန်ဂါလီဆိုတာ နတ်သူငယ်တွေ၊တိရိစ္ဆာန်လေးတွေရောနှောနေထိုင်တဲ့ ထူးဆန်းပြီး မှော်ဆန်တဲ့ မိုးသစ်တော ဖြစ်ပါတယ် ။တစ်ရက်မှာတော့ အေးချမ်းပြီး မှော်ဆန်လှတဲ့ ဖန်ဂါလီကိုဝိမသလောဘသား လူသားမုဆိုးတွေ ကျူးကျော်လာပြီးသစ်တောကိုမီးရှို့ကာ တိရိစ္ဆာန်ပေါက်လေးတွေကို ဖမ်းယူသွားပါတယ် ။ဒီလိုနဲ့ အဖမ်းခံလိုက်ရတဲ့ အကောင်ပေါက်လေးတွေကို ကယ်ဖို့နတ်သူငယ်လေးတွေဖြစ်တဲ့ ပစ်နဲ့ ခရစ္စတာတို့ဟာ မြို့ကိုရောက်ဖူးတဲ့တောအုပ်ထဲက တိရိစ္ဆာန်တွေအကူအညီနဲ့ လူသားတွေရှိရာအရပ်ကိုစွန့်စားခန်းထွက်လာပါတော့တယ်။ဖန်ဂါလီကနေ တစ်ခါမှအပြင်မထွက်ဖူးတဲ့ပစ်နဲ့ခရစ္စတာတို့ရဲ့ စွန့်စားခန်းဟာဘယ်လိုဖြစ်လာမလဲ၊ အကောင်ပေါက်လေးတွေကို သူတို့ကယ်တင်နိုင်မလား၊လူသားကမ္ဘာမှာ နတ်သူငယ်လေးတွေဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲကြည့်ရမယ့် ကာတွန်းကားလေးပဲဖြစ်ပါတယ်။