Fox and Hare Save the Forest FHD

Fox and Hare Save the Forest

Family Adventure Animation FHD 2024-04-24 6.7 72 Min

ဇာတ်လမ်းကတော့ တောကြီးတစ်ခုထဲမှာ မြေခွေး၊ ယုန်၊ တောဝက်၊ ဇီးကွက် ဖျံ၊ ရေသူမနဲ့ သူခိုးရက်ကွန်းတို့က သူငယ်ချင်းတွေသိုက်သိုက်ဝန်းဝန်းစုပြီးနေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့သူတို့နေထိုင်ရာ တောလေးကို ရေတွေလွှမ်းလာပါတော့တယ်။ အဲ့တာကတော့ ကြွက်နှစ်ကောင်ရဲ့ ဘောစ့် ဘီဗာရဲ့လက်ချက်ပါပဲ။ဘီဗာက ပစ္စည်းတွေကို တီထွင်ဖန်တီးရာမှာတော်ပေမဲ့ သူကအထီးကျန်နေတဲ့ ဘဝင်ရူးတစ်ကောင်ဖြစ်နေပါတယ်။ ကြွက်နှစ်ကောင်ရဲ့အကူအညီ သူ့ရဲ့အကောင်းဆုံးလက်ရာဆိုပြီး တောကိုဖြတ်စီးနေတဲ့မြစ်ကို ပိတ်ပြီး ဆည်ကြီးဆောက်ပစ်လိုက်ပါတယ်။ အဲ့လိုနဲ့မြေခွေးနဲ့ ယုန်တို့ရဲ့တောအုပ်က ရေတွေလွှမ်းကုန်ပါတော့တယ်။ အဲ့လိုကနေ ရွေးချယ်စရာမရှိကြတော့တဲ့ ယုန်နဲ့ မြေခွေးတို့က သူတို့ရဲ့တောအုပ်ကို ဒီဆည်ကြီးဆီကနေ ကယ်တင်ကြပုံကိုကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုနိုင်ကြမယ် Animationကားလေးတစ်ခုလည်းဖြစ်ပါတယ်