ချွဲမီဂျာ (Ye Ji Won) ဟာ အဘွား၃ယောက်ရယ် မုဆိုးဖိုအဖေရယ် လူပျိုကြီးဦးလေးရယ်နဲ့အတူနေထိုင်နေတဲ့ အသက်၃၂နှစ်အရွယ် အပျိုကြီးမမပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ချွဲမီဂျာဟာ ကိုရီးယားမှာပြန်လည်ထုတ်ဝေမယ့် ဂျပန်သရဲကားမှာ နောက်ခံစကားပြောသူအဖြစ်အလုပ်ကမ်းလှမ်းခံရပြီး အတူအလုပ်လုပ်ရမယ့် ပီဒီကတော့ ရုပ်သံလွှင့်ဌာနမှာ လူ့ဂွစာအဖြစ်နာမည်ကြီးတဲ့ ပီဒီ ဂျီဟျွန်းအူ (Ji HyunWoo) ပါ။အမြဲတမ်း အလွဲတွေ လုပ်နေတတ်တဲ့ မီဂျာတစ်ယောက် ရုပ်ချောပြီး လူ့ဂွစာပီဒီကို စိတ်ဝင်စားမိသွားတဲ့အခါမှာတော့….အဘွား၃ယောက်ရဲ့တွဲဖက်ညီမှုနဲ့ ဟာသအလွဲလေးတွေရယ်၊ မနမ်းရတာနှစ်အတော်ကြာနေပြီဖြစ်တဲ့အပျိုကြီးမမ ချွဲမီဂျာရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။