Highway Star FHD

Highway Star

Comedy Music FHD 2007-02-14 6.6 114 Min

မင်းသားကြီးချာထယ်ဟျွန်းရဲ့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ‌ဘုံဒါဟိုဟာ ကလပ်တွေမှာ သီချင်းဆိုတဲ့အလုပ်ကိုလုပ်ပြီး rock ဂီတကို ရူးသွပ်ကာထရော့ဂီတကို ခေတ်နောက်ကျပြီး ပုံတုံးတယ်လို့ မြင်နေတဲ့ လူငယ်လေးတစ်ယောက်ပါ။တစ်ရက်မှာတော့ဆိုးလ်ကလာတဲ့ အရမ်းနာမည်ကြီးတဲ့အေဂျင်စီကဆိုတဲ့ သူ‌ဌေးနဲ့မားကတ်တင်းမန်နေဂျာဆိုတဲ့ လူနှစ်ယောက်က သူ့အသံကိုသဘောကျပြီး သူ့ကိုအောင်မြင်အောင်လုပ်ပေးမယ်ဆိုပြီးတော့ဆိုးလ်ကိုလာခဲ့ဖို့ပြောပါတယ်။ဘုံဒါဟိုတို့ကတော့ အောင်မြင်ပြီဆိုပြီး ဆိုးလ်တက်သွားပေမဲ့ သူရောက်သွားတဲ့အေဂျင်စီကထရော့အနုပညာရှင်တွေပဲ မွေးထုတ်တဲ့အညတရကုမ္ပဏီအသေးလေးဖြစ်နေတဲ့အပြင်သူဌေးနှစ်ယောက်ကလည်း အကြွေးတွေအများကြီးနဲ့ ရုန်းကန်နေရမှန်း သိလိုက်ပါတော့တယ်။ဘုံဒါဟိုတစ်ယောက် အသံကုန်ဟစ်ကြွေးတဲ့ rocker ဘဝကနေအနူးအညံ့ခံစားချက်တွေနဲ့သီဆိုရတဲ့ထရော့ဂီတပညာရှင် ဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲ……ထရော့ဂီတပညာရှင်အနေနဲ့ရော အောင်မြင်နိုင်ပါ့မလား…ချာထယ်ဟျွန်းရဲ့ သရုပ်ဆောင်ချက် အခွီတွေနဲ့ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။