Jeru ဆိုတဲ့ လူငယ်ကောင်လေးတစ်ယောက်က Konco Seneng လို အမည်ရတဲ့ တေးဂီတအဖွဲရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ နာမည်ကြီးတဲ့အဆိုတော်တစ်ယောက်ဖြစ်လာဖိုအိပ်မက်မက်နေတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ဒါပေမဲ့ Jeru နဲ့ တွဲနေတဲ့ချစ်သူ Bethari ကတော့ တော်ဝင်မျိုးနွယ် ဘုရင့်ရဲ့သမီးတော်ဖြစ်ပြီးတော့ ကွာခြားလွန်းတဲ့လူမှုအဆင့်အတန်းကြောင့်နှစ်ဖက်မိသားစုတွေက သဘောမတူကြပါဘူး။အဲဒီမှာ Bethari ရဲ့ ဦးလေးဖြစ်သူက Jeru နဲ့ Bethari ကို ဖြတ်ဖိုအတွက် Jeru ရဲ့ ဂီတနဲ့ပတ်သက်တဲ့ အိပ်မက်တွေကိုပါ ဖျက်ဆီးလာချိန်မှာတော့ Jeruတစ်ယောက် သူ့ချစ်သူနဲ့ သူ့အိပ်မက်ကြား ဘာကိုရွေးချယ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုနိုင်ပါတယ်။