2024 ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာ အရိုးရဲ့ ဥ သီချင်းနဲ့ ဇာတ်လမ်းကျောရိုးဆင်ပါတယ်။ခင်ခင်မင်မင်ရှိခဲ့တဲ့ မိသားစုနှစ်ခု အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလို အသေးအမွှားကိစ္စတစ်ခုကနေ တဖြည်းဖြည်း တုတ်ဆွဲဓားဆွဲတွေ့တဲ့နေရာချဆိုတဲ့အဆင့်ထိပြဿနာတွေတက်ကြပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာ။ဇာတ်ကောင်စရိုက် တစ်ယောက်တမျိုးဆီနဲ့ အဓိပ္ပါယ်ရှိပြီး ရယ်ရတဲ့ကျေးလက်ဟာသကားလေးဖြစ်လို့ ပရိသတ်တွေအတွက် စီအမ်မာဆလာအဖွဲ့သားတွေကနေရှာဖွေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။