ရီဗျူးကောင်းတွေရရှိထားပြီး ရုံတင်ရာမှာလည်းအတန်အသင့်အောင်မြင်ခဲ့တဲ့ တမီလ်စကားပြောမိသားစု ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင် ကားတိုင်းကျော် ဟာသ သရုပ်ဆောင်ယိုဂီဘာဘူနဲ့ မင်းသားကြီး ဆာဆီကူးမားကလွဲရင်တခြား နာမည်ကြီးသရုပ်ဆောင်တွေ တကူးတကမပါသလိုဒါရိုက်တာကလည်း အခုမှ ပထမဆုံးရုပ်ရှင်ကားစရိုက်တဲ့ ဒါရိုက်တာသစ်ဖြစ်ပေမဲ့ ပထမဆုံးရုပ်ရှင်လို့မထင်ရအောင် အောင်မြင်မှုတွေရရှိထားတာပါ။ဇာတ်လမ်းကတော့.. ငွေကြေးဖောင်းပွမှုတွေ၊ ပြည်တွင်းစစ်တွေကြောင့်ရှင်သန်ရတာခက်ခဲလွန်းလို့ သီရိလင်္ကာနိုင်ငံကနေအိန္ဒိယနိုင်ငံထဲကို ခိုးဝင်လာရတဲ့ သီရိလင်္ကာမိသားစုတစ်ခုကိုဇာတ်အိမ်တည်ထားတာပါ။အိန္ဒိယနိုင်ငံထဲကို ရောက်နှင့်နေတဲ့ ယောက်ဖကို အားကိုးပြီးမိသားစုနဲ့အတူ သီရိလင်္ကာကနေ အရဲစွန့်ထွက်ပြေးလာတဲ့ဒါ့စ်တစ်ယောက် အခက်အခဲအမျိုးမျိုးကြားကနေအိန္ဒိယမှာ ရပ်တည်ဖို့ ကြိုးစားကြပုံကိုဒါရိုက်တာက ဟာသဆန်ဆန်ပုံဖော်ပြထားတာပါ။ဟာသဒရာမာဖြစ်ပေမဲ့ ဇာတ်လမ်းက လေးနက်တဲ့အပြင်တောင်းဆိုထားသူတွေလည်း များတာမလို့ အကြည်ထွက်ထွက်ချင်း ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။