Oliver & Company FHD

Oliver & Company

Comedy Family Animation FHD 1988-11-18 6.7 74 Min

ဂန္ထဝင်စာရေးဆရာကြီး Charles Dickens ရဲ့အထင်ရှားဆုံး ပုံပြင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့Oliver Twist ကို မှီငြမ်းရိုက်ကူးထားတဲ့ ကာတွန်းဇာတ်ကား ကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကာတွန်းထဲမှာတော့ အိုလီဗာဟာ အိမ်ခြေမဲ့ကောင်လေးမဟုတ်တော့ဘဲအိမ်ခြေမဲ့ကြောင်ပေါက်လေးတစ်ကောင်အနေနဲ့ ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အိမ်ခြေမဲ့ကြောင်ပေါက်စလေးဖြစ်သူအိုလီဗာဟာနယူးယော့ခ်မြို့ရဲ့လမ်းမတွေပေါ်မှာ ခြေဦးတည့်ရာလျောက်သွားနေရင်းဒေါ့ဂျာဆိုတဲ့ခွေးကြီးနဲ့တွေ့မိတာကနေ အိမ်ခြေမဲ့ ခွေးလေးတွေစုနေတဲ့ အဖွဲ့ထဲရောက်သွားခဲ့ပါတယ်။သူတို့အဖွဲ့ကလည်းလူတွေဆီကပစ္စည်းခိုးကြရင်း စားသောက်ရှင်သန်ကြတာဖြစ်လို့ အိုလီဗာလည်းသူတို့နဲ့အတူ လူတွေဆီကပစ္စည်းလိုက်ခိုးရင်း တသက်မှ တခါကြုံရမဲ့စွန့်စားခန်းထွက်ရပုံကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။