အကြမ်းဖက်မှုတွေလည်း မရှိကြပါဘူး သဘာဝပတ်ဝန်းကျင်ကြီးဟာလည်း ပြန်လည်နာလန်ထလာပြီး ရိုးသားမှု ယဉ်ကျေးမှုနဲ့ အကြင်နာတရားတွေကို ကမ္ဘာပေါ်မှာ ကျင့်သုံးကြပါတယ်… ကမ္ဘာကြီးက ဒီလောက်တစ်ခါမှမပြည့်စုံဖူးဘူးတဲ့ ပြည့်စုံမှုမျိုးနဲ့ပြည့်စုံလို့နေတယ် တစ်ခုပါပဲ..လူသားတွေရဲ့ ကမ္ဘာကြီးမဟုတ်တော့ပါဘူး။ ဂြိုဟ်သားတွေ ကျူးကျော်တာခံခဲ့ရတဲ့ကမ္ဘာကြီးမှာ လူသားတွေဟာ မျိုးသုဉ်းလုနီးနီးဖြစ်နေပြီး ရှင်ကျန်ရစ်တဲ့ လူသားအနည်းစုဟာတော့ပြေးလွှားပုန်းရှောင်နေကြရတယ်.. ။ ဒီလူနည်းစုထဲကမှ မယ်လနီဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ တစ်ရက်မှာ ဂြိုဟ်သားတွေရဲ့လက်ထဲကျရောက်သွားပြီး ခန္ဓာကိုယ်ကိုထိန်းချုပ်ဖို့ရာ တခြားဂြိုဟ်တစ်ခုက ကပ်ပါးသက်ရှိတစ်ခုထည့်ပေးခြင်းခံလိုက်ရပါတယ်.. Lady Bird တို့ Little Women တို့ရဲ့မင်းသမီးလေး Saoirse Ronan ကို လူတစ်ကိုယ်စိတ်နှစ်ခုနဲ့ မယ်လနီအဖြစ်မြင်တွေ့ရမယ့် သိပ္ပံဇာတ်ကားပဲဖြစ်ပါတယ်..