လောင်းကစားတွေနဲ့ အကြွေးတွေနဲ့ ပတ်ချာလည်နေတဲ့ ရောဘတ်… အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်မိတဲ့ ရောဘတ်… သူ့ဘဝမှာ အမှားပေါ်အမှားဆင့်နေတဲ့ ရောဘတ်.. သူ့အကြွေးတွေ အတွက် အလျော်အစားအနေနဲ့ ဘာမှန်းမသိတဲ့ သေတ္တာတစ်လုံးကို အလဲအလှယ်လုပ်ပေးရမယ့်အခါ… အဲ့သေတ္တာထဲမှာ ဘာတွေပါတာလဲ ရောဘတ်တစ်ယောက် ဘယ်လိုလူတွေနဲ့ ပတ်သက်ဆက်နွယ်မိတာလဲ ဆိုတာကို ရင်ထိတ်သည်းဖိုကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..