ဒီဇာတ်ကားလေးကတော့ Sneaker ချစ်သူတွေ ဖြစ်ကြတဲ့ Sneakerhead တွေဆိုပိုလို့တောင်အကြိုက်တွေ့ဦးမယ့် Animation ကားလေးဖြစ်ပါတယ်။ တစ်နှစ်တစ်ခါSneakerHead တွေစုပြီး ကျင်းပတဲ့ SneakerHead Gala ဆိုတဲ့ပွဲတစ်ခုရှိပါတယ်။ဒီတစ်နှစ်ပွဲမှာတော့ အက်ဆွန်ဆိုတဲ့ဘတ်စကတ်ဘောဝါသနာရှင် ဖိနပ်ချစ်သူတစ်ယောက်လည်းဖြစ်တဲ့ အက်ဆွန်ဆိုတဲ့ကောင်လေးကလည်း သွားပါတော့တယ်။ဒီပွဲမှာတော့ နာမည်ကြီးဘတ်စကတ်ဘောကစားသမားဟောင်းလည်းဖြစ်ကိုယ်ပိုင်ဖိနပ်တွေကိုထုတ်နေတဲ့ Chris Paulကနေပြီး ဒီပွဲအတွက် သီးသန့်အနေနဲ့Alchemy 24 ဆိုတဲ့ ဖိနပ်တစ်ရံကို မဲဖောက်ပေးပါတယ်။ ပွဲထဲမှာ ဖိနပ်စုဆောင်းတဲ့သူအကြီးစားကြီးတွေကလည်း ဒီဖိနပ်အတွက်ရောက်လာကြပါတော့တယ်ဖြစ်ချင်တော့ အက်ဆွန်က ဒီဖိနပ်ကိုမဲပေါက်သွားပြီး ပိုင်ဆိုင်သွားတဲ့အခါမှာဖိနပ်စုဆောင်းတဲ့လူကြီးက အက်ဆွန့်ဆီကနေ လိုက်ဝယ်ပါတော့တယ်။လိုက်ဝယ်လို့မရတဲအခါ်မှာတော့ သူက ဖိနပ်ကိုရတဲ့နည်းနဲ့ယူပါတော့တယ်။ဒါက ဇာတ်လမ်းအညွှန်းသာဖြစ်ပြီး ဒီဇာတ်လမ်းရဲ့တကယ်ထူးခြားချက်ကတော့ဖိနပ်တွေရဲ့ POV ကနေ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ဒီဖိနပ်လေးတွေအကုန်လုံးကကိုယ်ပိုင်အတွေးအမြင်တွေရှိနေတဲ့ လူတစ်ယောက်လိုမျိုး ပုံဖော်ထားပါတယ်။အက်ဆွန်အနိုင်ရသွားတဲ့ Alchemy24 ဖိနပ်တွေကလည်း တိုင်ဆိုတဲ့တစ်ဖက်နဲ့မက်စင်းဆိုတဲ့တစ်ဖက်ရှိနေပါတော့တယ်။ တိုင်ကတော့ သီးသန့်ထုတ်ထားတဲ့ဖိနပ်ဖြစ်တာကြောင့် အလှပြခံချင်နေတဲ့ကောင်လေးဖြစ်ပြီး မက်စီကတော့ သူတို့ကိုတကယ့်လူတော်တစ်ယောက်က စီးနင်းပြီးအောင်မြင်မှုရစေနေချင်သူပါ။အဲ့လိုနဲ့ ဖိနပ်ကို လာခိုးတဲစုဆောင်းသူဆီကနေ တိုင်နဲ့ မက်စင်းတို့နှစ်ယောက်ကထွက်ပြေးကြရင်း ကွဲကုန်ကြပါတော့တယ်။သူ့ကိုယ်သူအထူးထုတ်လုပ်မှုပါဆိုပြီးဂုဏ်မောက်နေတဲ့တိုင်တစ်ယောက် လမ်းဘေးရောက်သွားပါတော့တယ်။တိုင်တစ်ယောက် လမ်းဘေးကနေ သူ့ရဲ့နောက်တစ်ဖက်ဖြစ်တဲ့မက်စင်းဆီကိုဘယ်လိုပြန်လာနိုင်မလဲဆိုတာကို ဖိနပ်လေးတစ်ဖက်ရဲ့ ကြိုးစားအားထုတ်မှုအဖြစ်ကြည့်ရှုကြရမှာလည်းဖြစ်ပါတယ်….။