ချာလီ (Charlie) ဆိုတဲ့ သာမန်ကလေးငယ်လေးဟာ မထင်မှတ်ပဲ စူပါဟီးရိုးစွမ်းအားတွေ ရရှိသွားပါတယ်။သူ့ရဲ့ဒီအစွမ်းတွေကို သုံးပြီး မကောင်းတဲ့သူတွေကို တိုက်ထုတ်ဖို သူ့အစ်ကို ဝီလီနဲ့အတူ စွန့်စားခန်းတွေထဲ ဝင်ရောက်ရပါတော့တယ်။ချာလီရဲ့ မိသားစုနဲ့သူငယ်ချင်းတွေကလည်း သူ့ကိုကူညီပြီး ဒီစွန့်စားခန်းတွေမှာ ပါဝင်ကြပါတယ်။ဒါပေမဲ့ တစ်ဖက်မှာလည်း ဝီလီဟာ သူ့ညီချာလီရဲ့ စူပါစွမ်းအားတွေကိုဖျက်ဆီးဖိုရည်ရွယ်ထားပေမဲ့ ချာလီက ဝီလီ့ကိုစိတ်ပြောင်းအောင်လုပ်ပြီးတကယ့်ဗီလိန်တွေကို အနိုင်ယူနိုင်မလား၊ ဝီလီက တကယ့်ဗီလိန်ဖြစ်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။