Jason Corbett ဟာ သူ့နောက်မိန်းမ Molly Martens နဲ့အတူ အမေရိကန်မှာသားသမီးတွေနဲ့အတူနေပြီးနောက် ၂၀၁၅ ခုနှစ်မှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ သူ့မိန်းမ နဲ့သူ့ယောက္ခထီးကကိုယ့်ကိုယ်ကို့ကာကွယ်တာလို့ဆိုပေမဲ့ Jason ရဲ့ကလေးတွေကတော့ ကြိုတင်စီစဉ်ထားလို့ပြောပါတယ်။တရားရုံးကအမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေပြောင်းလဲခဲ့ပြီး သူတို့နှစ်ဦးက ၂၀၂၄ မှာ ပြန်လွတ်လာကြပါတယ်။ဇာတ်လမ်းတလျှောက်လုံးမှာ မိသာစုတွေရဲ့ နွေးထွေးမှုတွေ၊ အိမ်ထောင်ရေးပြဿနာတွေ၊တရားခွင်အတွင်းကကြုံခဲ့ရတဲ့အခက်ခဲတွေနဲ့၊ နှစ်ဖက်စလုံးရဲ့ မိဘဆွေမျိုးတွေက သူတို့ဘက်ကလူကောင်းစားဖို့အတွက် အသားကုန်ကြိုးစားကြတာတွေ့ရမှာပါ။အဆုံးသတ်အနေနဲ့ကတော့ ဇာတ်ကားတစ်ခုလုံးမှာဘယ်သူမှန်တယ် ဘယ်သူမှားလဲဆိုတာကိုတွေးစရာတွေအများကြီးနဲ့ တစ်ခန်းပြီး တစ်ခန်း အပြီးသတ်အထိ ဆွဲေဆာင်သွားနိုင်မယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။