Hawaa Hawaai HD

Hawaa Hawaai

Drama Family HD 2014-05-09 7.3 120 Min

တချို့လူတွေက အိပ်မက်မရှိကြဘူး။ တချို့လူတွေကတော့ အိပ်မက်ရှိပေမဲ့ အကောင်အထည်‌ဖော်ခွင့်မရကြဘူး။တချို့လူတွေကတော့ အိပ်မက်မက်ဖို့တောင် မတတ်နိုင်ကြပါဘူး။အဖေဆုံးသွားပြီးထဲက မိသားစုတပုံတပင်နဲ့ကျန်ခဲ့တာကြောင့် အမေတစ်ယောက်တည်းရုန်းကန်နေရတာကိုမကြည့်ရက်တဲ့အာဂျွန်တစ်ယောက် လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးဝင်လုပ်ပါတယ်။ကလေးတစ်ယောက်ဆိုပေမဲ့ ဆိုင်ရှင်ကလည်း မသက်ညှာသလို ကလေးဖြစ်နေတော့ ပိုအနိုင်ကျင့်ပြီးအရွယ်နဲ့မမျှအောင်ခိုင်းပေမဲ့ မိသားစုကိုငဲ့နေရတဲ့အာဂျွန်ကတော့ မညည်းနိုင်ဘူးပေါ့။ဒီလိုနဲ့ အာဂျွန်တစ်ယောက် ဆရာလပ်ကီးဆိုတဲ့ စကိတ်သင်ပေးတဲ့ဆရာနဲ့ သူ့ရဲ့ကျောင်းသားတွေစကိတ်စီးကျင့်နေတာကိုမြင်ပြီး သူ့ရဲ့ရင်ထဲမှာ အိပ်မက်ဆိုတဲ့အရာလေး ပထမဆုံးအကြိမ် ပေါက်ဖွားလာပါတော့တယ်။အဲဒါကတော့ စကိတ်စီးချန်ပီယံဖြစ်ချင်တာပါပဲ။ဒီလိုနဲ့ စိတ်အားထက်သန်တဲ့ အာဂျွန်နဲ့ဆရာကောင်းဖြစ်တဲ့ ဆရာလပ်ကီးတို့ဆုံတွေ့ချိန်မှာအာဂျွန်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဆရာလပ်ကီးက အဘက်ဘက်ကနေ ဘယ်လိုကူညီသွားမလဲဆိုတာ ရှုစားရအောင်ပါ။